~
နာမည်ကျော်မင်းသမီး
သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့်
ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့်
အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။
ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။
တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်" ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။
ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။
"Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ" ဟု မင်းသမီးက ပြောသည်။
ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။
ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။
မိုးမခအွန်လိုင်း http://moemaka.com/ ကနေ ကူးယူ ဖော်ပြပါတယ်။
-

လူတစ်ယောက်ရဲ့အခွင့်အရေးကိုလေးစားသင့်ပါတယ်...အဲလိုပါပဲ မလေးစားချင်နေပါ..... မချိုးဖောက်သင့်ပါဘူး.... မြန်မာလူမှုအသိုင်းအ၀ိုင်းမှာက ဒါမျိုးခွင့်လွှတ်ဖို့မဖြစ်နိုင်သေးဘူးလေ.... မင်းသမီးကို အရမ်းစိတ်မကောင်းဖြစ်မိပါတယ်..... ပြည်သူချစ်သော မင်းသမီးကောင်းတစ်လက် မဆုံးရှုံးစေချင်ပါဘူး....။
ReplyDeleteမြန်မာမင်းသမီးတစ်ယောက်အတွက် ဒီဇာတ်ဝင်ခန်းက
ReplyDeleteမသင့်တော်ဘူးလို့ ထင်ပါတယ်
မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ တော့
မဖြစ်သင့်ပါဘူး..သက်မွန်မြင့်ရဲ့ ပရိတ်သတ်တစ်ဦး..
She has choice that is democracy. As an audience I have watched many other countries movies. Nothing problem for me kiss or not. If Burmese actors acting kiss or whatever I can accept but many or burmese communities will be angry so the actors have to decide by themself. But don't say we are burmese, we have very good culture because you guys already who works behind the curtain as hookers. so everybody has ther choice
ReplyDeleteသက်မွန်မြင့်မှန်ပါတယ် မြန်မာမိန်းကလေးတစ်ယောက် အနေနဲ့ အဲလိုမရိုက်သင့်ပါဘူး
ReplyDeleteအရင်ကလဲ ဟန်ဆောင်ပြီး ရိုက်ခဲ့တာပဲဆင်ဆာလျှော့ပြီဆိုပြီးလျှောက်လုပ်နေတာလား နိုင်ငံခြားကားတွေထဲမှာမင်းသမီးမင်းသား ဘာလုပ်လုပ် လက်ခံချင်ခံ လိမ့်မယ် မြန်မာမင်းသမီးဆိုရင်တော့ တစ်မျိုးဖြစ်နိုင်တယ် ပြီးတော့မသက်မွန်ရဲ့ ပရိတ်သတ်ထဲမှာလူငယ်တင်မက လူကြီးတွေလဲ ပါပါတယ် ဒီလိုပြောလို့ ဝိုင်း ရိုက်တဲ့ ကားတွေမကြည့်ဘူးဘူး လို့မထင်ပါနဲ့ ဝိုင်းကfavourite director ပါ ကျွန်မကတော့ ကျွန်မတန်ဖိုးထားရတဲ့ မ သက်မွန်ကို ဒီအခန်းမပါလဲအားပေးမှာပါပဲ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်
ReplyDeleteအေးလေ။ထိန်းမှပေါ့။ဒီလိုသာလွှတ်ပေးလို့ကတော့..လာထား..အာဘွား...။
ReplyDeleteနမ်းတဲ့အခန်းကို ရိုက်မှ ဒီဇာတ်ကားကောင်းမယ်လို့ ယူဆတဲ့ ဒါရိုက်တာဟာ လွှတ်လပ်ခွင့်ကို လိုအပ်တာထက် ပိုအသုံးချသူတစ်ယောက်လို့မြင်ပါတယ်။ ဆင်ဆာမရှိတာနဲ့ လုပ်ချင်သလိုလုပ်နေတာက အမျိုးသားယဉ်ကျေးမှုကို စော်ကားလိုက်တာပါ။ ဒါကို ရုပ်ရှင်အစည်းအရုံးအဖွဲ့အစည်းအနေနဲ့ ခွင့်မပြုသင့်ပါ။ ဒီဇတ်အပိုင်းမပါတာနဲ့ ဒီဇတ်ကားကပျက်သွားမှာတဲ့လား။ ကိုယ့်အရည်အချင်းကို ကိုယ်သိဖို့ကောင်းပါတယ်။ ကိုယ့်ကိုကိုယ် ဆရာကြီးထင်နေပုံဘဲ။ သက်မွန်မြင့် သိပ်မှန်ပါတယ်။ ငြင်းဆိုတာကို လေးစားပါတယ်။
ReplyDeleteဒါရိုက်တာ ဝိုင်းဖြေရှင်းချက်ပေးသင့်ပါတယ်။ မြန်မာမိန်းကေလးတေယာက်ကိုမဖွယ်မရာလုပ်ခိုင်းမှကိုယ့်ကိုကိုယ်ခေတ်မှီတိုးတက်တဲ့ဒါရိုက်တာတေယာက်လို့ထင်နေသလား။ အဲသလိုဆိုရင်လဲဟောလ်လီးဝုဒ်ကလှမ်းခေါ်တာကိုစောင့်ရင်းနဲ့KTV ဖွင့်စားဖို့အကြံပေးပါရေစ။
ReplyDeleteမင်းသားက ဘယ်သူလဲ?
ReplyDeleteအဲဒီလိုလဲမဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ် မြန်မာ့ရုပ်ရှင်မတိုးတက်တာအဲဒီလိုဝေဖန်ချက်တွေကြောင့်လို့ထင်ပါတယ်... ဇာတ်ဝင်ခန်းတစ်ခန်းကို တစ်ခါလာလဲမြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်လို့မရိုက်ရဘူးလို့ ။ မရိုက်သင့်ဘူးလို့ ပြောလို့မရပါဘူး... ဥပမာ၊ ၊ လူတစ်ယောက်ဆဲတဲ့အခန်းပါလို့ မြန်မာ့ယဉ်ကျေးမှုနဲ့မိကိုက်လို့အဲဒီ အခန်းကိုဖြတ်မှတော့ ဒါရိုက်တာကဘာဆက်လုပ်ရမှာလဲ ဒါရိုက်တာဆိုတာဇာတ်ညွှန်းတစ်ခုကို အသက်ဝင်လာအောင်ဖန်တီးရတာလေ...ကိုယ့်လူတို့ကောအပြင်မှာမဆဲကြလို့လား...ယဉ်ကျေးမှုကိုအဲဒီလောက်တန်ဖိုးထားနေရင်ကိုယ့်လူတို့လည်းမဆဲနဲ့။ ကိုယ့်လူတို့ရဲ့ ချစ်သူလေးတွေကိုလည်းမနမ်းကျပါနဲ့လား...ဘယ်လိုလဲ... Universal Truth ကိုလက်ခံစမ်းပါကိုယ့်လူတို့......

ReplyDeleteအရူး နဲ့  ဘူး...........ဒါပါမှကြည့် ကောင်းမှာလား....?မြန်မာလူငယ်လေးတွေအားလုံး ..အတုမြင်အတတ်သင်ဈေင်တာလား....
ReplyDeleteဒါုရိုက်တာကလည်း သက်မွန်မြငိ့က မှမင်းသမီးမဟုတ်ပါဘူး.....အဲလိုငြင်းဆန်လို့ပဲ မြန်မာ ဇာတ်လမ်းက အောက်စိုက်ထိုးကျနေတာပေါ့.......အလကား အချိန်ကုန်တာဘဲမြန်မာကားကြည့်ရတာ...သက်မွန်မြင့်က 90ခေတ်ကိုရောက်နေတုန်းပဲနော်..အဟား.......
ReplyDeleteခက်တော့ခက်နေပြီ-နားမလည်လို့ပါ-နမ်းတာကကိုရီးယားလိုဆိုရင်တော့မင်းသမီးရေလွှတ်လိုက်တာခပ်ကောင်းကောင်းပဲ-
ReplyDeleteis that emphasizing the kiss like in western movies?they can show people kissing by many ways without doing real contact.
ReplyDeleteအဲဒီလိုလဲမဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ် မြန်မာ့ရုပ်ရှင်မတိုးတက်တာအဲဒီလိုဝေဖန်ချက်တွေကြောင့်လို့ထင်ပါတယ်... ဇာတ်ဝင်ခန်းတစ်ခန်းကို တစ်ခါလာလဲမြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်လို့မရိုက်ရဘူးလို့ ။ မရိုက်သင့်ဘူးလို့ ပြောလို့မရပါဘူး... ဥပမာ၊ ၊ လူတစ်ယောက်ဆဲတဲ့အခန်းပါလို့ မြန်မာ့ယဉ်ကျေးမှုနဲ့မိကိုက်လို့အဲဒီ အခန်းကိုဖြတ်မှတော့ ဒါရိုက်တာကဘာဆက်လုပ်ရမှာလဲ ဒါရိုက်တာဆိုတာဇာတ်ညွှန်းတစ်ခုကို အသက်ဝင်လာအောင်ဖန်တီးရတာလေ...ကိုယ့်လူတို့ကောအပြင်မှာမဆဲကြလို့လား...ယဉ်ကျေးမှုကိုအဲဒီလောက်တန်ဖိုးထားနေရင်ကိုယ့်လူတို့လည်းမဆဲနဲ့။ ကိုယ့်လူတို့ရဲ့ ချစ်သူလေးတွေကိုလည်းမနမ်းကျပါနဲ့လား...ဘယ်လိုလဲ... Universal Truth ကိုလက်ခံစမ်းပါကိုယ့်လူတို့......
ReplyDeleteအဲလိုဆိုရင် ဇာတ်ညွှန်းတစ်ခုပိုပြီးအသက်ဝင်သွားအောင် ခင်ဗျားသမီး သို့မဟုတ် ညီမဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် "ညားကာစဇနီးမောင်နှံရဲ့ ပထမဦးဆုံးည ဇာတ်ဝင်ခန်း " ကိုယ်တိုင်ရိုက်ပေးပါလား။ ကျွန်တော်တို့လည်း အားပေးရတာပေါ့။ ဒါမှလည်း မြန်မာ့ရုပ်ရှင်လောက ပိုပြီး တိုးတက်လာမှာ ဥာဏ်ကြီးရှင် ရယ် ~~
အိုကွာ.. ဒီခေတ်မှာလာပြီးစကားကြီးစကားကျယ်တွေပြောနေတာ...နောက်ဆို မြန်မာnc တွေ bb တွေရိုက်တော့မှာ မယုံရင် စောင့်ကြည့်ကြ အဲ့ကျမှ ခိုးမကြည့်ကြနဲ့နော်... နမ်းတာပဲဘာဆန်းလို့လဲ ယဉ်ကျေးမှုကို ဒီလောက် အလေးထားရင် ဘာလို့မော်ဒယ်လောကထဲရောက်လာတာလဲ...အနောက်တိုင်းပစ္စည်းတွေမသုံးနဲ့လေ ...ပြောရတာမောတယ် တော်ပီကွာ...။ ၀ိုင်းရေ...သက်မွန်မြင့် မရိုက်နိုင်ရင် မိုးဟေကို ဖြစ်ဖြစ် သဇင်ဖြစ်ဖြစ် အေးမြတ်သူ ဖြစ်ဖြစ် ခေါ်၇ီုက်လိုက်ဗျာ..။
ReplyDeleteမသက်မွန်ဟာ သိက္ခာနဲ့ ငွေကိုမလဲတတ်လို့ ဝမ်းသာပါတယ် ဖြူစင်တဲ့ အပြုံးပိုင်ရှင်ဟာ ဖြူစင်တဲ့ character နဲ့ဆိုရင် all the better ပေါ့
Deleteကောင်းပါတယ်
ReplyDeleteယောက်ျားရင် သဝန်တိုနေမယ်
ယဉ်ကျေးမှုဆိုတဲစကားပြောလိုက်ရင်မြန်မာဆိုတာနိုင်ငံတိုင်းသိကြပါတယ် ယဉ်ကျေးမှုနဲအနုပညာခွဲခြားလို့မရပါဘူး အနုပညာလောကယဉ်ကျေးမှယဉ်ကျေးမှုဆိုတဲ့စကားလုံးတည်တန့်ပါလိမ့်မယ့်
ReplyDelete