ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
ဖက်ကွန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တွေ့ကြရာတွင် ၀န်ကြီးက
- ဒီမိုကရေဒီခေတ်သို့ရောက်နေပြီဖြစ်ကြောင်း၊
- ဒီမိုကရေစီခေတ်တွင် အစိုးရလည်း လုပ်ချင်တာ လုပ်လို့မရကြောင်း၊
- ပြည်သူတွေနှင့်အတူ ဥပဒေအောက်မှာသာ တည်ရှိကြောင်း ၊
- ယခင်က ဖက်ကွန်ရွာသားတွေ မြေသိမ်းခံရသည်ဆိုသည်များမှာ ဥပဒေစိုးမိုးမှုအားနည်းမှုကြောင့်ဖြစ်ကြောင်း၊
- ယခု ရွာသားများ တင်ပြထားသည့် မြေယာများအတွက် ပုံစံ(၁၇)ရရှိနိုင်ရန် မြေစာရင်းဦးစီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊
- ပုံစံ(၁၇)ရှိပြီးရင် ရပြီးပါက မြေ သိမ်းခံရလျှင်လည်း ကာလပေါက်ဈေး အတိုင်း လျော်ကြေး ရရှိမှာဖြစ်ကြောင်း၊
- ခေတ်ပြောင်း စနစ်ပြောင်းနေတဲ့အချိန် ဥပဒေ အထက် မည်သူမျှမရှိကြောင်း ၊
- ဥပဒေနှင့်အညီ နေထိုင်လျှင် မည်သူကိုမှ ကြောက်နေစရာ ၊စိုးရွံနေစရာ မလိုကြောင်း
စသည်ဖြင့် ပြောကြားခဲ့သည်။
- မြို့နယ်အု ပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှုး၊
- ပြည်သူ့ဆောက်လုပ်ရေး ဌာနမှ မြို့နယ်အင်ဂျင်နီယာ ဦးမျိုးချစ်၊
- မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်နိုင်ထွန်း၊
- သမဦးစီးအရာရှိ ဦးစံသိန်း၊
- မြို့နယ်မြေစာရင်း ဦးစီး ဌာန မှ လက်ထောက် ဦးစီးမှုး ဦးစိုးသိန်း တို့က
ဒေသခံတို့ကို အကြံပြုစကားများ ပြောသည်။
ဖက်ကွန်ကျေးရွာသားတို့ ယခင်မြေယာသိမ်းခံရမှုများနှင့် ပတ်သက်ပြီး တိုင်ကြားမှုများကြောင့် ၀န်ကြီးနှင့်အဖွဲ့က လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
မြေယာ အများအပြား PNO ပါတီက သိမ်းယူခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ လယ်မြေ ဧက၂၀၀ကျော် ပြန်လည်ပေးမည်ဟု PNO က အကြောင်းပြန်ကြားထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
--
ရှမ်းပြည်နယ်ဘဏ္ဍာနှင့် အခွန်ဝန်ကြီး ဦးခွန်သိမ်းမောင် ကလဲသင်ပေးထားတဲအတိုင်းပြောတတ်လိုက်တာနော်။
ReplyDeleteဒီမိုခေ၇စီခေတ်ကိုေ၇ာက်နေပါပြီ.....ခေတ်ပြောင်း စနစ်ပြောင်းနေတဲ့အချိန် ဥပဒေ .အထက် မည်သူမျှမရှိကြောင်း ၊....ဥပဒေနှင့်အညီ နေထိုင်လျှင် မည်သူကိုမှ ကြောက်နေစရာ ၊စိုးရွံနေစရာ မလိုကြောင်း.......နားထောင်လို့တော့ကောင်းသား။