Pages

Sunday, December 23, 2012

DKBA ၁၈ နှစ်ပြည့် အခမ်းအနားကို မဟာမိတ်များ တက်ရောက်


~



ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

 
 DKBA တပ်မတော် ထူထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနားကို သောကြာနေ့ နံနက်က  ကရင်ပြည်နယ်၊ မြ၀တီခရီုင်၊ ဝှောလှေမြို့နယ်၊ ဆုံဆည်းမြိုင်ရွာရှိ ဆုံပေါင်းမြိုင်ကွင်းတွင် ကျင်းပသည်။

ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

ကယန်း ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်မှုးအဆင့်ရှိ  မားကိုစ့် ၊ ကလလတကို ဒုဥက္ကဋ္ဌ ထူးကော်၊ ရလလဖကို ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေနှင့် ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်တို့ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြောင်း သိရသည်။

 ဒီမိုကရေစီအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် မိမိတို့ညီနောင် မဟာမိတ်အဖွဲ့က ယင်းတို့နှင့် အတူ လက်တွဲ လှုပ်ရှားနေကြောင်း သိရှိစေရန်၊ ပြည်သူတို့နှင့်အတူအစဉ်လက်တွဲမဖြုတ် စတမ်း ကြိုးပမ်းသွားရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် တက်ရောက်ကြခြင်းဖြစ်ကြောင်း ရလလဖ  ဗဟိုကော်မတီဝင် တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး ဘုန်းနိုင်က ပြောသည်။




                                          
















--

No comments:

Post a Comment