Pages

Friday, December 28, 2012

KNU သို့ သမ္မတရုံး ၀န်ကြီး ပေးပို့သည့် သ၀ဏ်လွှာ

~

 
ပြည်တော်မြင့် ~

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0rUw4N924RlEbtF9lG4yLMyENXzj-BddGqNCnWe30AE6vqU8cATI0BvlGFns8qeRjCIIL9Pi0s3oXkvitfpyWPR0SrOF_vJaTl8mdQqG-grLSiA9b4RlWR69V9ChtBrn7497cckFIVG-9/s1600/Irrawaddy+(4).JPG
ကရင်အမျိုးသားအစည်းအရုံး KNU က ရွေးချယ်လိုက်သည့် ခေါင်းဆောင်သစ်များကို ၀မ်းမြောက်ဂုဏ်ပြုပါကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ သမတရုံးဝန်ကြီး ဦးအောင်မင်းက သ၀ဏ်လွှာတစောင် ပေးပို့ခဲ့သည်။

(
KNU က မကြာသေးမီက ပြုလုပ်ခဲ့သည့် ၁၅ ကြိမ်မြောက်ညီလာခံတွင် ခေါင်းဆောင်သစ်များ ရွေးကောက်ခဲ့ခြင်း ဖြစ်သည်။)
ယမန်နေ့ကပေးပို့ခဲ့သည့်သ၀ဏ်လွှာတွင် KNU ညီလာခံသည် ကရင်အပါအ၀င် တိုင်းရင်းသားအားလုံး၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် များစွာ အရေးပါသည်ဟု ပြောကြားခဲ့သည်။

သို့သော် KNU က ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင်  မြန်မာအစိုးရနှင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်မည်ဟု ဖေါ်ပြထားသည်။

KNU ၏ ထုတ်ပြန်ချက်တွင် တတိုင်းပြည်လုံး အပစ်ရပ်ရေးကိစ္စနှင့် မြန်မာအာဏာပိုင်များက လူထုလှုပ်ရှားမှုများကို အကြမ်းဖက် နှိမ်နှင်းမှုများ ရှိနေသေးသဖြင့် လွန်စွာ စိုးရိမ်မိသည်ဟုပါရှိပြီး၊ ပြည်လူလူထု၏ နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပေးမည့် လူ့အခွင့်အရေးကော်မတီတရပ် ဖွဲ့စည်းမည့်သဘောထားကိုလည်း ချမှတ်ခဲ့သည်။


ဦးအောင်မင်းပေးပို့သည့် သ၀ဏ်လွှာ
 KNU ၏ထုတ်ပြန်ချက်ထွက်ရှိအပြီးတွင် သမတရုံးဝန်ကြီးဦးအောင်မင်း၏ သ၀ဏ်လွှာ မရှေးမနှောင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

ရန်ကုန်အခြေစိုက် ကရင့်အရေးဆောင်ရွက်နေသူတဦးက ”ကချင်ပြည်နယ်မှာစစ်ပွဲတွေက အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတယ်၊ ကရင်နဲ့မြန်မာအစိုးရကြားမှာ လုပ်မဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ အားလုံးက သတိနဲ့စောင့်ကြည့်နေကြပါတယ်”ဟုပြောသည်။





















--

No comments:

Post a Comment