Pages

Thursday, December 27, 2012

NLD ပညာရေး ရံပုံငွေပွဲမှာ AGD ဘဏ်လည်း ၀န်ဆောင်မှုပေး

 ဓာတ်ပုံ- AGD ဘဏ် ဖေ့စ်ဘုတ်စာမျက်နှာ 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင်ပြီး ၂ ရက်တာ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပညာရေး ကွန်ရက် ရဲ့ ၂ နှစ်ပြည့် အနေဖြင့် ပညာရေး ရံပုံငွေ အတွက် ဂီတ ပွဲတော်မှာ (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်) AGD Bank ရဲ့ ၀န်ဆောင်မှုကိုလည်း အခုလိုမြင်တွေ့ရမှာပါ။



AGD ဘဏ်အနေနဲ့ ဂီတပွဲတော်လာ အများပြည်သူတွေ ငွေကြေး အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ရေး အတွက် ATM Card Account တွေ one stop service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း အဆိုပါ ဘဏ်က သတင်းပါးထားပါတယ်။ 

ဒီအပြင် ပညာရေး ရံပုံငွေ ဂီတ ပွဲတော် ကျင်းပနေတဲ့ (၂၇) နှင့် (၂၈) နှစ်ရက်အတွင်း လာရောက်ကြတဲ့ အများပြည်သူများအတွက် လွယ်ကူစွာ ငွေထုတ်ယူနိုင်ရန် ATM စက်တစ်လုံးကိုလည်း တပ်ဆင်ပေး တယ်လို့ သိရပါတယ်။ 

အခု ဂီတပွဲမှာ နာမည်ကျော် တေးဂီတ အဖွဲ့တွေနဲ့ နာမည်ကြီး အဆိုတော်များစွာ ပါဝင်အားဖြည့်ထားကြပြီး NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးမှာလည်းဖြစ်ပါတယ်။

No comments:

Post a Comment