Pages

Wednesday, December 26, 2012

NLD ပညာရေး ကွန်ရက် ရံပုံငွေ အတွက် ဂီတပွဲတော် ကျင်းပမယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့်အခမဲ့ ပညာဒါနကျောင်း ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ဒီဇင်ဘာ ၂၇ /၂၈ ရက်နေ့တွေမှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။ 


 ဓာတ်ပုံများ- သံသာဝင်း ဖေ့စ်ဘုတ်စာမျက်နှာ

ဂီတအနုပညာရှင်များစွာကလည်း ပံ့ပိုးကူညီဖျော်ဖြေတင်ဆက်သွားမှာလည်းဖြစ်ပါတယ်။ ပွဲစဉ်လက်မှတ် တန်းဖိုး များကတော့ တန်းဖိုး ၁၅၀၀၀ ကျပ်၊ ၇၅၀၀ ကျပ်တွေဖြစ်ပြီး လက်မှတ်တစ်ဆောင် ၀ယ်ယူသူတိုင်း  ၂ ရက်ကြည့်ခွင့်ရမှာဖြစ် ပါတယ်။ လက်မှတ်များကိုတော့ ၂၀ ရက်နေ့ ကတည်းက ရောင်းချပေးနေ တာ 
ဖြစ်ပါတယ်။ 


ဂီတပွဲတော်မှာ ရွှေသံစဉ်တေးဂီတအဖွဲ့၊ Lazy Club, Aurora, IC, Heaven Born, Medium Wave, Spectrum စတဲ့ အဖွဲ့တွေပါဝင်မှာဖြစ်ပြီး အဆိုတော်များစုံစုံလင်လင်နဲ့ ဖျော်ဖြေမှာလည်းဖြစ်ပါတယ်။ 



ပညာရေးရန်ပုံငွေရှာ ဂီတပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။ 




No comments:

Post a Comment