~
ခင်ဦးသာ ~
ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ်ရှိနေပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်းစစ် ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
-
ခင်ဦးသာ ~
ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ်ရှိနေပါပြီ။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်းစစ် ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
လွှတ်တော်က...ပြည်သူတွေအတွက်..ဘာတခုမှမဆွေနွေးဘဲ...လဥသန်းရှာတဲ့အလုပ်လုပ်နေတာလား....သူဟာသူဘာေ၇းေ၇းပေါ့...ကိုယ်မဟုတ်၇င်..နာစ၇ာမလိုပါဘူး။ ဘယ်သူမှန်မသိတဲ့သူကို...ေ၇းကြီးခွင်ကျယ်လုပ်ပြီး...မဲခွဲနေစ၇ာမလိုပါဘူး...မကြေနပ်၇င်..ရဲစခန်းမှာအမှုဖွင့်ပေါ့..ရဲကသူ့အလုပ်သူလုပ်မှာပေါ့...ကြား၇တာ..လူရီစ၇ာကြီးဖြစ်နေတယ်။
ReplyDeleteသွေးနားထင်ရောက်ေ်နေသောလွတ်တော်အမတ်တွေခင်ဗျာ
ReplyDeleteတို့ကသနားစ
ရာLaymanတွေပါါဘဝင်သိပ်မမြေက်နဲု့ခင် ဗျာတို့ကဘယ်သူ့ကိုမှကိုယ်စားမပြု ဘူဆိုတာသိလိပ်မယ်လိုထင်တယ်ကိုယ်စီးသောမြင်းအထီးအမသိပါစေ
To honourable members of parliament or the
ReplyDeletefighters
of democracy I hope that you will be familiar with the terms of freedom of expression :Innuenudo and Libel .This is not innuendo nor libel .It is the freedom of expression . This vote may be demonstrated your status .Perish hypocratic democratics! Defeat hero of democracy: