Pages

Thursday, January 17, 2013

ကချင်စစ်ပွဲနဲ့ပတ်သက်လို့ သမ္မတရဲ့ပြောရေးဆိုခွင့် ရှိသူ ဘာပြောထားလဲ



ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် ဘာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်ရတယ်၊ KIA နယ်ထဲမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေ ကို နိုင်ငံတကာ အကူအညီပေးရေး ဘာကြောင့် နှေးနေရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး၊ နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဧရာဝတီကို ဖြေကြားထား ပါတယ်။

 

3 comments:

  1. ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတာ ၊ ငြိမ်းချမ်းရေးမရတာတွေဟာ ၊ လက်ငါးချောင်းထဲကနေမှ ညိုးတစ်ချောင်းထဲ ဖြတ်ယူဖို. ကြိုးစားနေတဲ. ၊ ကချင်လူမျိုး အစွန်းရောက်တချို.တွေကြောင်.ပါ ။ အေးအေးချမ်းချမ်း နေတတ်တဲ. သဘာဝ ကိုပိုင်ဆိုင်တဲ. ၊ ကချင်လူမျိုးအားလုံးကို ၊ကိုယ်စားမပြုပါဘူး၊ ဘယ်သူ.မျက်နှာမှမကြည်.ပဲ ၊ တောင်းဆိုနေတာတွေဆိုတာ ကို ၊ ကျန်တဲ.တိုင်းရင်းသားတွေ နားလည်ကြမှာပါ။

    ReplyDelete
  2. စစ်သားတွေက လူတွေရဲ့ ကံကြမ္မာကို ဖန်တီးနေတဲ့ မြန်မာပြည်မှာ အရာရာဟာ တိမ်းစောင်းမှားယွင်းလွန်းနေပြီး၊ ကြာလာတော့ လူတွေကလည်း နာ စရာထက် မျော့မျော့လေးသာ ကျန်ကြပါတော့တယ်။ (ရုပ်ပိုင်း စိတ်ပိုင်းပေါ့)။ သူတို့ ကယ်လို့  မြန်မာပြည်က ကမ္ဘာမှာ အောက်ဆုံးအဆင့်နီးနီးရောက်ရသလို၊ သူတို့ ပြောတဲ့ ပြောင်းလဲမှုက အပြစ်မဲ့ လူတွေ အခု သေပေးရတယ်။ ဒါက မြောက်ပိုင်းမှာပဲ ဖြစ်နေတာလို့ ပြောရခက်လာ ပါလိမ့်မယ်။ သူတို့ ကနေရာတိုင်းမှာ ဆက်သတ်နေဖို့  ၀န်လေးသူတွေ မဟုတ်လို့ ပါပဲ။

    ReplyDelete
  3. နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဝန်ကြီးဦးအောင်မင်းနဲ့အတူ စစ်ဖက်မှ ဗိုလ်ချုပ်မြင့်စိုးလိုက်ပါသွားဖို့ စီစဉ်ခဲ့သော်လည်း KIO/KIA ဖက်မှ စစ်ဖက်ဆိုင်ရာအရာရှိ ပါဝင်မှုမရှိသောကြောင့် ဗိုလ်ချုပ်မြင့်စိုးလည်း လိုက်ပါသွားနိုင်ခြင်းမရှိခဲ့ပေ။ ဒါကိုကြည့်ရင် KIO/KIA ရဲ့ ငြိမ်းချမ်းရေးအပေါ်ရပ်တည်ချက်ကို သံသယဝင်စရာ ဖြစ်စေပါတယ်။ လက်ရှိအစိုးရဟာ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားတဲ့ အစိုးရဆိုပေမယ့် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားတဲ့ အစိုးရဆိုတာကို ကမ္ဘာကပါ လက်ခံလာနေပါပြီ။ နိုင်းငံရေးဆွေးနွေးပြီးမှ အပစ်အခက်ရပ်စဲရေးလုပ်မည်ဆိုသည့် KIO/KIA ရဲ့ ရပ်တည်ချက်ဟာလည်း အလွန်ကို လက်ခံဖို့ ခက်တဲ့အချက်လို့ ယူဆပါတယ်။ ဦးသိန်းစိန်အစိုးရဟာ ယခင် မဆလ၊ နဝတ၊ နအဖ အစိုးရတို့နဲ့ လုံးဝခြားနားနေပါပြီ။ KIO/KIA ဟာလည်း ရထားလမ်း ကားလမ်းမိုင်းခွဲ ကဲ့သို့သော လမ်းစဉ်ဟောင်းကို လိုက်နေမည်ဆိုပါက မည်သူမျှလက်ခံနိုင်မည် မဟုတ်ပါ။

    ReplyDelete