Pages

Thursday, January 17, 2013

ရှမ်းပြည်နယ်က စီးပွားရေး ဆွေးနွေးပွဲ

~



ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~


ရှမ်းပြည်နယ်တွင် စီးပွားဖြစ် ထုတ်ကုန်လုပ်ငန်းများ ထူထောင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုစီးပွားရေး အခြေအနေများ တိုးတက်အကောင်ထည်ဖော်ရေး ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ နံနက် ၉း၀၀ နာရီက  တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊  ဌာနဆိုင်ရာများ၊ ဒေသခံ လုပ်ငန်းရှင်များ၊ မီဒီယာသမားများ စသဖြင့် ဆွေးနွေးပွဲ တက်ရောက်သူ သုံးရာကျော် ရှိသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုဝ်အောင်မြတ်၊ အခြား ၀န်ကြီး ( ၉) ဦးလည်း တက်ရောက်ပြီး ဒေသခံတို့၏ စီးပွားရေး လိုအပ်ချက်၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ကြန့်ကြာမှု၊ ကူးသန်းရောင်းဝယ်မှု၊ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်တို့ လိုအပ်နေသည့် အကူအညီများ စသည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။

          ကျိုင်းတုံ တာချီလိတ် ဒေသရှိ ကုန်သည်လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်တို့လည်း တက်ရောက်ပြီး ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲ အခြေအနေတို့ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး  ညနေ ၆း၀၀ နာရီတွင် ဆွေးနွေးပွဲ အဆုံးသတ်ခဲ့သည်။
                                            













-


--

No comments:

Post a Comment