Pages

Saturday, January 19, 2013

မြ၀တီမြို့မှာကျင်းပမယ့် စာပေဟောပြောပွဲ

 စာပေဟောပြောပွဲကျင်းပမည့် မြ၀တီဘုရားကြီးကျောင်းတိုက်။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

 

ပြည်တော်မြင့်~ 

စီးပွားရေးလုပ်ငန်းတွင်သာနစ်မြုပ်နေကြသည့် နယ်စပ်စီးပွားရေးမြို့ မြ၀တီမှပြည်သူများ စာပေနှင့် ပတ် သက်သည့် အတွေးအမြင်အသိပညာများ တိုးပွားလာစေရေးအတွက် စာပေဟောပြောပွဲတရပ်ကို လာမည့် တနင်္ဂနွေ နေ့တွင်ပြုလုပ်မည်ဖြစ်သည်။ 

ယခုလ ၂ဝ ရက်နေ့မှစတင်ကာ ၂ ရက်ကြာကျင်းပမည့် စာပေဟောပြောပွဲတွင် ဆရာမောင်သာချို၊ နုနုရည် (အင်းဝ)၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဘုန်း(ဓါဓာု)နှင့်ဦးမြတ်ခိုင်တို့က မြ၀တီမြို့လယ်ရှိ ဘုရားကြီး 
ကျောင်းတိုက်တွင် ဟောပြောကြမည်ဖြစ်သည်။ 

မြ၀တီခရိုင် စာရေးဆရာများအသင်းနှင့်စာပေမြတ်နိုးသူများက ဦးဆောင်ကျင်းပခြင်းဖြစ်သည်ဟု မြို့ခံ စာရေးဆရာဖြစ်သည့် ကိုရွှေသိန်း(မြ၀တီ)ကပြောကြားပြီး စာပေဟောပြောပွဲနှင့် အတူ ခေတ်စနစ်ကို ထင်ဟပ်စေမည့် ကာတွန်းပြပွဲကိုလည်း ပူးတွဲပြသသွားမည်ဟုဆိုသည်။ 

ကာတွန်းပြပွဲတွင် ကာတွန်းဆရာ CMM၊ ဘုန်းကျော်၊ ATH၊ သားကြီးနှင့် အခြားနံမည်ရ ကာတွန်းဆရာများ ပါရှိမည် ဖြစ်သည်။ 

၎င်းက”စာပေ ဗဟုသုတတွေရရှိဘို့အတွက် အဓိက ကျင်းပတာဖြစ်တယ်။ ဒီမြို့က နယ်စပ်စီးပွားရေးမြို့ ဆိုတော့ လူတွေက စီးပွားရေးဘက်မှာဘဲနှစ်မြုပ်နေကြတယ်”ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

မြန်မာနိုင်ငံလွပ်လပ်ရေး မတိုင်မီကာလ ဂျပန်ခေတ်တွင်စတင်ခဲ့သည့်စာဆိုတော်နေ့သည် ယခုနှစ်တွင် ၆၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

No comments:

Post a Comment