Pages

Wednesday, January 16, 2013

DKBA နဲ့ BGF ဆက်ဆံရေး ဘာကြောင့် တင်းမာနေတာလဲ

~

  
ပြည်တော်မြင့် ~ 

ကလို့ထူးဘော DKBA အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့ ဒီလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တင်းမာမှု 
ပြဿနာမှာ အသိမ်းခံခဲ့ရတဲ့ လက်နက် အလက် ၄၀ ကို ဒီကေဘီအေ အဖွဲ့က ပြန်လည်ပေးအပ်ခြင်း မရှိသေးဘူးလို့ နယ်ခြားစောင့်တပ်ရင်း ၁၀၁၅ ရဲ့တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်ကပြောပါတယ်။
နယ်ခြားစောင့်တပ်အမှတ် ၂ တပ်နယ်မှူးဗိုလ်မှူးကြီးစောကြာအင်းနှင့်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ။

"ဒီကေဘီအေက ဗိုလ်ဘိအဖွဲ့နဲ့ ကျွန်တော်တို့တပ်ရင်းတွေ လှိုင်းဘွဲ့ မြိုင်ကြီးငူဒေသမှာ အတူနေကြတာပဲ။ စားနပ်ရိက္ခာကအစ သူတို့ကိုပေးပါတယ်၊ အဲဒါကို မပြောမဆိုနဲ့ လက်နက်အလက် ၄၀ လောက်ကို သိမ်းပြီး ပစ်မယ်ခတ်မယ် လုပ်တယ်။ ဒီကိစ္စကို အေးအေးဆေးဆေးပဲ ဖြစ်ချင်ပါတယ်။  အဆင့်ဆင့် ညှိနှိုင်းမှုအရ လက်နက်အချို့ပြန်ပေးတာပဲ ရှိတယ်။ ဒီပြဿနာမပြီးသေးဘူး” လို့ သူက ဧရာဝတီကိုပြောပါတယ်။ 



လက်နက်အသိမ်းခံရတဲ့တပ်က တပ်မှူးတဦးကတော့ " ပြန်ပေးတဲ့ လက်နက်တွေက အဟောင်း တွေအပျက်တွေပဲ ပါတယ်။ အလက် ၂၀ လောက်ပဲ ရှိတယ်။ ဒါကမတရားလုပ်တာ" လို့ ဆိုပါတယ်။ 

မြိုင်ကြီးငူမှာအခြေစိုက်တဲ့ ကလို့ထူးဘောက ဗိုလ်မှူးကြီးစောဘိတို့ အဖွဲ့ကတော့ မြိုင်ကြီးငူနယ်ထဲမှာ နယ်ခြား စောင့်တပ်ကလူတွေ သက်သတ်လွတ် မစားဘဲ မူးယစ်သောက်စားတဲ့အတွက် လက်နက် သိမ်းရတာလို့ဆိုပါတယ်။ 

ကလို့ထူးဘော DKBA အဖွဲ့က ဘားအံမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးမောင်လေးက "လက်နက် တချို့ပြန်ပေး လိုက်ပြီး ကျန်တဲ့လက်နက်တွေကိုပြန်ပေးဘို့အတွက် စီစဉ်နေပါတယ်” ဆိုတဲ့ အကြောင်း မနေ့က ကော့ကရိတ်မှာ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။ 

ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နှစ်ဘက် တင်းမာမှုကြောင့် အပြန်အလှန် စစ်ရေးပြင်ဆင်မှုတွေရှိတဲ့ အတွက် ဒေသခံတွေ စိုးရိမ်ပူပန်မှုတွေကြီးထားနေလို့ မြိုင်ကြီးငူက ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးကပြောပါတယ်။ 

နယ်ခြားစောင့်တပ်များရဲ့ အမှတ် ၂ တပ်နယ်မှူး ဗိုလ်မှူးကြီးစောကြာအင်းကတော့ "ကရင်တွေ အားလုံး ဘယ်အဖွဲ့ နဲ့ဘဲဖြစ်ဖြစ် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဖြစ်သွားဘို့ဘဲ ဆက်လုပ်သွားမယ်” လို့ ဧရာဝတီသတင်းဌာနကို သဘောထားပေးပါတယ်။ 

လှိုင်းဘွဲမြို့ခံတဦးက သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ကရင်ပြည်နယ်လှိုင်းဘွဲဒေသမှာ စစ်မီးတွေ အချိန်မရွေး ပြန်တောက်နိုင်တယ်လို့ ပြောပါတယ်။ 

No comments:

Post a Comment