Pages

Friday, January 18, 2013

အကျဉ်းထောင်တွေထဲ ICRC ၀င်ရောက်စစ်ဆေးတော့မယ်

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) ဟာ မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များ အတွင်းသို့ ပြန်လည်ဝင်ရောက် စစ်ဆေး ကူညီမှုများကို လာမယ့် သတင်းပတ်မှာ စတင်လုပ်ဆောင်တော့ မှာဖြစ်ပါတယ်။ 
 နိုင်ငံရေး အကျဉ်းသားတဦးကို အကျဉ်းထောင်အတွင်း၌ တွေ့ဆုံမေးမြန်းနေသည့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) ဝန်ထမ်း နှစ်ဦး (ဓာတ်ပုံ – ICRC)

အကျဉ်းထောင်များသို့ စစ်ဆေးကူညီမှု မလုပ်နိုင်ဘဲ ၇ နှစ်ကာလကြာပြီးနောက် ICRC အနေဖြင့် ပြန်လည် ၀င်ရောက် စစ်ဆေးခွင့် ရခြင်းဟာ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ICRC ဥက္ကဌ Peter Maurer နဲ့ သမ္မတ ဦးသိန်းစိန်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ လွတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု အပြီး အခုလို ခွင့်ပြုချက်အတည်ပြုမှု ရတာလို့ Peter Maurer က သတင်းထောက်တွေကို ပြောပါတယ်။

ယခုကဲ့သို့ ICRC ကို အကျဉ်းထောင်များသို့ ပြန်လည် ၀င်ရောက်ခွင့် ပြုခြင်းအား အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ နိုဝင်ဘာလကတည်းက သမ္မတ ဦးသိန်းစိန် အစိုးရက ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီးအခုတော့ ရက်နဲ့တကွ အတည်ပြုချက်ရတာလို့ သိရပါတယ်။ 

ICRC ကို ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး မြန်မာ စစ်အစိုးရက အကျဉ်းထောင်တွေထဲ ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ ICRC ဟာ အထူးသဖြင့် အကျဉ်းသားတွေ ရဲ့ မိသားစုတွေနဲ့ အဆက်အသွယ် လုပ်ပေးတဲ့ ကိစ္စတွေ၊ စားသောက်နေထိုင်မှုတွေနဲ့ ကျန်းမာရေး ကိစ္စတွေ ကို အကူအညီပေးခဲ့တာပါ။

အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မိသားစုတွေရဲ့ ထောင်ဝင်စာသွားရောက်တွေ့နိုင်ဖို့ လမ်းစာရိတ် ကူညီ ပေး တာ၊ စာအုပ် စာတမ်း နဲ့ အားကစား ပစ္စည်းတွေ လှူဒါန်းတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တာပါ။


ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ အခြေစိုက် ICRC အဖွဲ့ကို ၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပေါင်းအပါတွေကို ထောင်သွင်း အကျဉ်းချပြီးနောက်ပိုင်း ၂၀၀၅ နှစ်ကုန် ပိုင်းလောက်က စပြီး အကျဉ်းထောင်တွေထဲ ၀င်ရောက်မယ်ဆိုရင် မြန်မာ စစ်အစိုးရ ကျောထောက်နောက် ခံပြုထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေနဲ့ အတူ သွားမှသာ ၀င်ရောက်ခွင့်ပြုမယ်လို့ မြန်မာ စစ်အာဏာပိုင်တွေ က ဆိုခဲ့ပါတယ်။ 


ICRC အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ အဖွဲ့ရဲ့ ဘက်မလိုက် မူဝါဒနဲ့အညီ အကျဉ်းသား တဦးချင်းစီကို လွတ်လပ်စွာ တွေ့ဆုံခွင့်နဲ့ နှစ်သိမ့်အားပေးခြင်းတွေကို လုပ်ဆောင်လေ့ရှိတာကြောင့် အဲဒီနောက်ပိုင်း အကျဉ်းထောင်တွေထဲကို ၇ လောက်ကြာအောင် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ မရခဲ့ပါဘူး။ 

 


ဆက်စပ်သတင်းများ 

အကျဉ်းထောင်များသို့ ဝင်ရောက် စစ်ဆေးကူညီရန် ICRC ပြင်ဆင်




No comments:

Post a Comment