Pages

Monday, February 25, 2013

ငါးသလောက်ပေါင်း စားကြမယ်


ငါးမှာ ငသလောက်ဆိုတဲ့အတိုင်းပဲ ငါးသလောက်ဟာ မြန်မာတို့အတွက်ဟင်းလျာကောင်းတမျိုး စာရင်း ၀င်ပါ။ ငါးသလောက်ကလည်း ပေါင်းစားခြင်းက ပိုပြီး မြိန်ပါတယ်။ 

ငါးသလောက် ပေါင်းစားကြဖို့ ပထမဆုံး ငါးသလောက်ငါးကို ကြေးခွံနဲ့ အတွင်းက မလိုအပ်တဲ့ က
လီစာတွေ ကို ဆေးကြော သန့်ရှင်းပစ်ပါ။ 

ပြီးရင် အကောင်အရွယ်အစားပေါ် မူတည်ပြီး ၃ လက်မထက် ပိုတဲ့ အတုံးကြီးများ အဖြစ်လှီးခုတ်ထားပါ။ အချိုးအစားပမာဏအနေနဲ့ ၂ ကီလိုခန့်ရှိတဲ့ ငါးသလောက်တုံးတွေကို ရှာလကာရည် တလီတာရဲ့ ၄ ပုံ ၁ ပုံ၊ ဆား အသင့် အတင့်၊ နနွင်း အသင့်အတင့်၊ သကြား ၂ ကျပ်ခွဲသားခန့် စတာတွေနဲ့ ဆုပ်နယ်ပြီး ၁၅ မိနစ်
လောက် နှပ်ထားပါ။ 

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနည်းနည်း စသည်တို့ကို ငရုပ်သီး အရောင်တင်မှုံ့အနည်းငယ်နဲ့ ညက်ညက်
လေး ထောင်းပါ။ အဲဒီလို ရောထောင်းပြီးသွားပြီဆိုရင် ခုနက နှပ်ထားတဲ့ ငါးသလောက်တွေနဲ့ တဖန် ဆုပ်နယ်ပေးပါ။ 

ငါးသလောက်ပေါင်းမယ့် အိုးတွင်းမှာ ပထမဆုံးအနေနဲ့ စပါးလင် သို့မဟုတ် ကြံရိုး အချောင်းသေးသေး 
လေး စတာတွေနဲ့ ခင်းရထားပါမယ်။ ဒါက အိုးမကပ်အောင်လို့ပါ။ 

ပြီးရင် ခုနက ဆုပ်နယ် နှပ်ထားတဲ့ ငါးသလောက်တုံးတွေကို အစီအရီနဲ့ ခင်းပြီး ဆီ ၅ ကျပ်သား ခန့် ထည့်ပါ။ ပြီးရင်း ကြက်သွန်နီ ဥအလုံးလိုက်ကို ငါးသလောက်တုံးများအပေါ်မှာ ညီညီညာညာ စီပြီး တင်ထားလိုက်ပါ။ ပြီးနောက် အဆိုပါ ငါးသလောက်တုံးများ မြုပ်သည်အထိ ရေထည့်ပါ။ ပြီးရင် ငါးသလောက် အိုးကို မီးအေးအေးနဲ့ စတင်ပြီး ပေါင်းလို့ ရပါပြီ။ 

ပေါင်းအိုးနဲ့ ဆိုရင်တော့ နာရီ အနည်းငယ်သာ ကြာနိုင်တယ် ဆိုရပေမယ့် ရိုးရိုးအိုးနဲ့ပေါင်းရင်တော့ အနည်းဆုံး ၄ နာရီ ခန့် လောက် ကြာမှ ငါးသလောက် အရိုးတွေပါ နူးလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ငါးသလောက်ပေါင်းကို မြိန်မြိန်ယှက်ယှက် စားလို့ ရပါပြီ။ 

 ဓာတ်ပုံများ- အိမ့်သံစဉ် (ဧရာဝတီ) ~

ငါးသလောက်ပေါင်းဟာ အတက်စာဖြစ်လေတော့ ရှောက်သီးသုပ်၊ ဟင်းချို တမျိုးမျိုး စသဖြင့်တို့နဲ့ တွက်ဖက် စားသုံးမယ်ဆိုရင် အရသာ ရှိရှိ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ 


No comments:

Post a Comment