Pages

Monday, February 18, 2013

ဆီဆိုင်မြို့မှာ တွေ့ရတဲ့ ပြည်ထောင်စုနေ့ အစီအစဉ်

 

 
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာလည်း  (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အစီအစဉ်တွေ အများအပြား ရှိခဲ့ပါတယ်။

အားကစားပြိုင်ပွဲ မျိုးစုံ၊ တိုင်းရင်းသားရိုးရာ အကပဒေသာများ၊  ပျော်ပွဲရွှင်ပွဲများ ပါဝင်ပါတယ်။

       ဆီဆိုင်မြို့ အ.ထ.က ကျောင်းမှာ  စာစီစာကုံး၊  ပဟေဠိပြိုင်ပွဲများတွေကို ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်နေ့တွေမှာ ကျင်းပပေးခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးအဖွဲ့ မှ ကိုအောင်နိုင်က ပြောပါတယ်။

 တိုင်းရင်းသားရိုးရာ အကပဒေသာ အစီအစဉ်တခု
       ဂေါက်သီးရိုက်၊ ကြက်တောင်၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ မာရသွန်၊ ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ်၊ ဘောလုံး (ဖူဆယ်)၊ ခေါင်းအုံးရိုက်၊ ရေအိုးရိုက်၊ သုံးချောင်းထောက်၊ မုန့်စား အစရှိတဲ့ ပြိုင်ပွဲတွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီပွဲတွေအတွက် အောင်မြင့်မိုရ် လျှပ်စစ်ဓါတ်အားလိုင်း တည်ဆောက်ရေး ကုမ္ပဏီက ကမကထ ပြုပေးခဲ့တယ်လို့ သိရပါတယ်။







~

























-
 

No comments:

Post a Comment