ယုဇနပလာဇာဈေုးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသောဈေးဆိုင်ခန်းများအားလုံး
တနလာင်္နေ့တိုင်း ပိတ်ရက် အဖြစ်သတ်မှတ်ပေးရန် မြေညီထပ်ဆိုင်ခန်းရှင်များက
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆန္ဒထုတ်ဖော်
တောင်း ဆိုကြသည်။
၂၀၀၉ ခုနှစ်မှစတင်ကာ ဈေးသူဈေးသားများ၏အများဆန္ဒဖြင့် မဲခွဲဆုံးဖြတ်ကာ
တနလာင်္နေ့တိုင်း ဈေး ပိတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
ဆုံးဖြတ်ချက်ဖြင့် လုပ်ကိုင်ခဲ့သော် လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ
၁၆ ရက်နေ့တွင် ယုဇနပလာဇာအုပ်ချုပ်မှုကော်မတီက
တနလာင်္နေ့တိုင်း ဈေးပြန် ဖွင့် မည် ဟု ကြေညာခဲ့ကြောင်း ဈေးမြေညီထပ်တွင်
အလှကုန်ဆိုင်ဖွင့်လှစ်ထားသူ ဒေါ်တင်တင်ခိုင် က ပြောသည်။
ယုဇနပလာဇာဈေး(မြေညီထပ်)ဈေးသူဈေးသားအများစု၏ ဆန္ဒအရ
အပတ်စဉ်တနလာင်္နေ့တိုင်းဈေး ပိတ်ရက် အဖြစ် သတ်မှတ်ထားသော်လည်း
ယုဇနပလာဇာဈေး(အပေါ်လွှာ)ဈေးသူဈေးသားများ၏ ဆန္ဒအရ
ပိတ်ရက်မရှိဖွင့်လှစ်ခွင့်ပြုရန် စီစဉ်ထားရှိကြောင်း
ယုဇနပလာဇာအုပ်ချုပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်
ကျေးဇူးတင်လွှာဟုဆိုကာ တနလာင်္နေ့တိုင်း
ယုဇနပလာဇာဆိုင်ခန်းများဖွင့်လှစ်လျက်ရှိကြောင်း ဖော်ပြထားရာ
၎င်းဖော်ပြချက်မှာ ယုဇနပလာဇာ မြေညီထပ်
ဈေးသူဈေးသားများ၏
သဘောထားဆန္ဒမပါဝင်ကြောင်း ရှိုးကမ္ဘာအထည်ဆိုင်မှ ဦးတင်ဆိုင်ကပြောသည်။
''ယုဇနပလာဇာ အုပ်ချုပ်မှု့ကော်မတီက တနလာင်္နေ့ဆိုင်ဖွင့်တယ်လို့
ကြေးမုံသတင်းစာမှာ ထည့်တဲ့ အတွက် တနလာင်္နေ့ဆိုင်ပိတ်တယ်ဆိုတာ
ပြည်သူတွေသိအောင် လုပ်တဲ့သဘောပါ"ဟု စုဝေးရခြင်းနှင့် ပတ်သက်၍
သူကရှင်းပြသည်။
တနလာင်္နေ့တွင် မြေညီထပ်ဆိုင်ခန်းများပိတ်သော်လည်း ဈေးမပိတ်ခြင်းကြောင့်
မြေညီထပ်ဆိုင်ခန်းများ၏ လုံခြုံရေးကို စိတ်မချရကြောင်း
မြေညီထပ်ဆိုင်ခန်းရှင်များက ပြောသည်။
"အလုပ်သမားပဲဖြစ်ဖြစ်၊အလုပ်ရှင်ပဲဖြစ်ဖြစ် တစ်ပတ်တစ်ရက်နားရက်ကတော့
ရှိသင့်တယ်။ ကျမတို့ အတွက် ပိတ်ရက်မရှိဘူးဆိုရင် နေ့စဉ်နဲ့အမျှ
အလုပ်လာရတဲ့အခါ အဆင်မပြေမှုတွေရှိတယ်။ အဲဒီလို အဆင်မပြေမှုတွေရှိတဲ့အခါ
ကြာရင်စိတ်ဖိစီးမှုတွေ များလာမယ်။အဲဒီအခါကျရင် အလုပ်လုပ်ရတာ
အခက်အခဲရှိတယ်။ တစ်ပတ်တစ်ရက်ပိတ်တော့ လူမှုရေးဘာသာရေး
လုပ်လို့ရတယ်။ နားရက်တစ်ရက် ကိုတော့ မည်သူမဆိုရသင့်တယ်လို့ ထင်တယ်" ဟု
ဈေးမြေညီထပ်မှ အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ မသူဇာက ပြောသည်။
ဧရာဝတီသတင်းဋ္ဌာနက ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီထံသို့
လူကိုယ်တိုင်သွားရောက်၍သော် လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း
အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်းတွေ့ဆုံခွင့် မရခဲ့ပေ။
ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီအနေဖြင့် မြေညီထပ်ဈေးသူဈေးသားများနှင့်
တွေ့ဆုံ ၍ပြန်လည် ညှိနှိုင်းလိမ့်မည် ဖြစ်ကြောင်း၊ ဈေးတွင်
အဖွဲ့နှစ်ဖွဲ့ ကွဲလျက်ရှိကြောင်း၊ ၄င်းအနေဖြင့် ဈေးကို
ဖွင့်ခွင့်ပိတ်ခွင့် မရှိကြောင်း ယုဇနပလာဇာဈေးအပိုင်
မင်္ဂလာတောင်ညွှန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်း က ပြောသည်။
နိုင်ငံတော်သစ် တည်ဆောက်နေခြင်းနှင့်အတူ ယုဇနပလာဇာအားနိုင်ငံတကာ
အဆင့်မီကုန်တိုက်ကြီး အဖြစ်ကြိုးပမ်းဆောင်ရွက်ပြီး
ရောင်းဝယ်သူများပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားနိုင်ရန်
စီစဉ်ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ အချို့သော ပုဂ္ဂိုလ်များသည် မိမိဆန္ဒအလျောက်
ဖြစ်စေ၊လူမှုရေးကိစ္စများကြောင့် ဖြစ်စေ ဆိုင် ခတ္တပိတ်ခြင်းကို
ခွင့်ပြုနိုင်သော်လည်း အုပ်ချုပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်များကို
လိုက်နာရန် ပျက်ကွက်ခြင်းနှင့် ဈေးသူဈေးသားများ၏အကျိုးထိခိုက်အောင်
လုပ်ဆောင်ကြိုးစားလျက်ရှိသူများကို မလုပ်မိကြရန်ံ
သတိပေးမေတ္တာရပ်ခံအပ်ပါကြောင်း ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီက
ထုတ်ပြန်ထား သည်။
ထက်နိုင်ဇော် ~
No comments:
Post a Comment