Pages

Wednesday, February 20, 2013

နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံးချေမှုန်းရန် တရုတ် စီစဉ်ခဲ့

 ဓာတ်ပုံ- www.scmp.co

မဲခေါင်မြစ်ထဲမှာ တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှုမှာ ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခြင်း ခံရတဲ့ မူးယစ်ရာဇာ နော်ခမ်းနှင့် အဖွဲ့ကို တရုတ် အာဏာပိုင်တွေက မောင်းသူမဲ့ လေယာဉ် အသုံးပြုပြီး  ချေမှုန်းရန် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီလို  စီစဉ်ခဲ့ပေမယ့် နော်ခမ်းကို အရှင်ဖမ်းရမယ်ဆိုတဲ့ ထိပ်တန်း အစိုးရ အရာရှိတွေရဲ့ အမိန့်ကြောင့် ပယ်ဖျက်ခဲ့ကြောင်း တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒါရိုက် တာ Liu Yuejin က ပြောတာကို  South China Morning Post သတင်းတွင် ဖော်ပြ ထားပါတယ်။ 

ဒါပေမယ့် နော်ခမ်းကို ၂၀၁၂ ဧပြီလတုန်းက လာအို နိုင်ငံမှာ ဖမ်းမိခဲ့ပြီး တရုတ် နိုင်ငံသို့ လွှဲပြောင်း ယူပြီးနောက်  နိုဝင်ဘာလ၌ ယူနန်တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။ 


No comments:

Post a Comment