Pages

Thursday, February 28, 2013

သမ္မတ ဦးသိန်းစိန်နဲ့ နော်ဝေရောက် မြန်မာ မိသားစုများတွေ့ဆုံပွဲ ( ရုပ်/သံ)

နော်ဝေနိုင်ငံတွင် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေရောက် မြန်မာမိသားစုတွေနဲ့  ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက အော်စလို မြို့မှာတွေ့ဆုံခဲ့ပါတယ်။ 

 မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင်တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ကိုညိ( အော်စလို)

သမ္မတနဲ့ အတူ သမ္မတရုံး ၀န်ကြီး ဥိးစိုးသိန်း၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နဲ့ အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့ အစုံအညီ တက်လာပါ တယ်။ 

 အဆိုပါ တွေ့ဆုံပွဲကို မြန်မာ မိသားစု ၈၀ လောက်အထိ တက်လာကြပါတယ်။ 

သမ္မတနဲ့ နော်ဝေရောက် မြန်မာတွေ တွေ့ဆုံပွဲအတွက် အခမ်းအနားမှုး အဖြစ် တာဝန် ယူသူကတော့ တချိန်က အတိုက်အခံ သတင်းဌာန ဒီမိုကရေစီရေး သတင်းဌာန အဖြစ် လူသိများခဲ့တဲ့ DVB သတင်းဌာနမှ ဒုညွန်မှုး ကိုခင်မောင်ဝင်း ဖြစ်ပါတယ်။

No comments:

Post a Comment