Pages

Wednesday, February 20, 2013

ဟံသာဝတီ ကားဝန်း မပြောင်းရွေ့ရေးဆန္ဒ ထုတ်ဖော်

 ဓာတ်ပုံ- ဂျေပိုင်(ဧရာဝတီ) ~

ရန်ကုန်မြို့မှာ ကားအရောင်းအ၀ယ်လုပ်ငန်းတွေနဲ့ လူသိများပြီး လူစည်ကားသော ဟံသာဝတီ ကားဝန်း ကို ပြောင်း ရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ကားဝယ်ရောင်း သမားတွေဟာ ဒီကနေ့ မှာတော့ ဟံသာဝတီ ကား ၀န်းမပြောင်းရွှေ့ရေးအတွက် စုဝေး ဆန္ဒထုတ်ဖော်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့ မြင်ကွင်းတွေကို ဧရာဝတီက ဖော်ပြပေးလိုက်ပါတယ်။ 



2 comments:

  1. ပွဲစားတွေ ၂ သောင်း ၃သောင်း အခက်အခဲ ဖြစ်တာနဲ့ ပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်တာပိုအရေးကြီးတယ်။ အဲဒီနေရာကို ပြည်သူ့ အကျိုးပြု ဆေးရုံ၊ကျောင်း၊shopping mall အိမ်ရာ တခုခု လုပ်ပေးတာ ပိုကောင်းပိုသင့်လျော်ပါတယ်။ ပြောင်းရွှေ့ လိုက်ရွှေ့  လိုက်ဖို့ ထောက်ခံပါတယ်။

    ReplyDelete
  2. နေရာတကာ ကိုယ့်ကို ထိခိုက်တိုင်း ဆန္ဒပြနေတာ မထောက်ခံပါ။ အများအတွက် သင့်တော်သော၊ ရေရှည်အဆင်ပြေမည့် ပြောင်းရွှေ့ မှုဆိုလျှင် လက်ခံပါသည်။
    သီရိမင်္ဂလာဈေးဟောင်းနေရာကို ရွှေ့ တာလည်း သင့်တော်သော ရွေးချယ်မှုမထင်ပါ။
    ကားအသွားအလာ မကျပ်နိုင်သော၊ မြို့ နှင့် မနီးမဝေး နေရာကျယ်ကျယ်တွင် ကားပွဲစားတန်းကို ထားသင့်ပါသည်။
    ကားပွဲစားတွေ၊ ၀ယ်ချင်၊ ရောင်းချင်သူတွေလည်း Online စနစ် တွင်တွင်ကျယ်ကျယ် အသုံးပြုသင့်ပါသည်။

    ReplyDelete