မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ နှီးနှယ်ဖလှယ်ပွဲကို
ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ EXCEL HOTEL ၁၀ လွှာတွင်
ကျင်းပကာ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ တောင်သူလယ်သမား
၁၅၀ ကျော်တက်ရောက်ခဲ့သည်။
ယင်းပွဲတွင် တောင်သူလယ်သမားများ မှ မိမိ၏လယ်ယာပြသာနာနှင့်
မိမိပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေ ပြသာနာများကို မည်ကဲ့သို့
လုပ်ဆောင်ကြမည်ကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
အဆိုပါပွဲသို့ တက်ရောက်လာကြသည့် လယ်သမားများသည် သိမ်းဆည်းထားသည့်
လယ်ယာမြေများကို အစိုးရ အနေနှင့် အမြန်ဖြေရှင်းပေးရန်၊
လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်သည် တိုင်းနှင့်
ပြည်နယ်
အနှံ့ မရောက်ရှိကြောင်း ယင်းပွဲသို့လာတက်သည့် လယ်သမားများက ဆိုသည်။
"ဒီလယ်သမား နှီးနှောဖလှယ်ပွဲကနေ ဘာတွေထူးခြားမှုတွေရရှိမှာလည်းဆိုတာ
လာရတာပါ။ ကျနော်တို့ ကသာဘက်မှာတော့ လယ်သမားနဲ့ ကုမ္ပဏီကိစ္စမှာတော့
ထွေထွေထူးထူးမရှိပါဘူး။ ပြသာနာနည်းပါတယ်။ လယ်ယာသိမ်းတာတွေလည်းမရှိဘူး" ဟု
ကသာမြို့နယ်မှ ဦးကျော်ဌေးက ဧရာဝတီသို့ပြောသည်။
နန်းဆိုင်နွမ် ~
No comments:
Post a Comment