ကျော်ခ ~
ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ် တယ်ရိုဆက်ဆနာ အသင်းနဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက်ရှုံးနိမ့်နေတာတွေ့ရပါတယ်။
![]() |
တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ယှဉ်ရမယ့် ရန်ကုန်ယူနိုက်တက်အသင်း (ဓာတ်ပုံများ - ရန်ကုန်ယူနိုက်တက်) |
မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်သုံးသင်းနဲ့ ကစားဖို့ သဘောတူညီချက်ရထားတဲ့ တယ်ရိုဆက်ဆနာ အသင်းဟာ မနက်ဖြန် ၁၆ ရက်နေ့မှာ မြန်မာနေရှင်နယ်လိတ်ရဲ့ လက်ရှိချန်ပီယံ ရက်ကုန်ယူနိုက်တက် အသင်းနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပြီး ပွဲစဉ်ရလာဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
လက်ရှိတယ်ရိုဆက်ဆနာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဧရာဝတီနဲ့ ရတနာပုံအသင်းတွေမှာတော့ နှစ်သင်းလုံးရဲ့ အားထားရတဲ့ ကစားသမားတွေအချို့ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပို့ဆောင်ထားရတဲ့ အချိန်ဖြစ်နေတဲ့အတွက်လည်း အားနည်းချက်တွေရှိနေပါတယ်။
ရန်ကုန်မြို့က သုဝဏ္ဏ အားကစားကွင်းကြီးမှာ တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင် ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း အားထားရတဲ့ ကစားသမား ၇ ဦး ဟာ လက်ရွေးစင်အသင်းကို ပို့ဆောင်ထားရတဲ့ အတွက် လူစုံမှာမဟုတ်ပါဘူး။
![]() |
| ရန်ကုန်ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ် |
“အခု တယ်ရို ဆာဆနာ နဲ့ပွဲမှာ လက်ရွေးစင် တွေမပါလည်း ကျန်တဲ့ ကစားသမား တွေက အကောင်းဆုံး ကစား နိုင်မယ် လို့ ယုံကြည် ပါတယ်” လို့ ဦးအောင်မြင့်မြတ် က ပြောထားပါတယ်။
ဧရာဝတီ အားကစား စာမျက်နှာ http://burma.irrawaddy.org/archives/category/all2/allsports


No comments:
Post a Comment