Pages

Monday, February 25, 2013

ရန်ကုန်က ကြက်သားခါးပတ်





ခါးပတ် ဆိုလို့ ခါးမှာပတ်တဲ့ ခါးပတ်လို့ မထင်လိုက်ပါနဲ့။
အခု ပြောမှာက စားလို့ရတဲ့ အစားအစာ ခါးပတ်  ဖြစ်ပါတယ်။

          ရန်ကုန်မြို့ မဟာဗန္ဓုလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်း ထောင့်မှာ  Kebab House ဆိုတဲ့  ကြက်သားခါးပတ် မုန့်ဆိုင် ဒီလဆန်းပိုင်း စဖွင့်ထားတာကို သတိပြုမိပါတယ်။

ခါးပတ်ကလည်း ကမ္ဘာကျော်အစားအစာတမျိုး ဖြစ်နေပြီ၊ နိုင်ငံအများအပြားမှာ ရောင်းနေပြီလို့ သိရပါတယ်။
ဒေသအလိုက် ခါးပတ်ပုံစံချင်း မတူပါဘူး။ 

ရန်ကုန်ဆိုင်မှာတော့ အသီးအရွက်နဲ့ ထမင်းကို ဂျူံလိပ်ရောထားတာမျိုး ၊ အာလူးကြော် နဲ့ရောထားတာမျိုးတွေကို တွေ့ရမှာပါ။
ပူပူလေး စားချင်ရင်တော့ မီးဖိုပေါ်မှာ အပူပေးပြီး စားနိုင်ပါတယ်။

အစားအသောက် ပြင်ဆင် ကိုင်တွယ်ရာမှာ လက်အိတ်သုံးတာ တွေ့ရပါတယ်။ ဒါကြောင့် သန့်ရှင်းမှုနဲ့ပတ်သက်ပြီးအကဲဆတ်သူတွေကို ဒီဆိုင်က စိတ်ချမ်းသာမှု ပေးဖွယ် ရှိပါတယ်။

ရန်ကုန်မှာ ဆိုင်ခွဲတွေ ထပ်ဖွင့်သွားမယ်လို့ ဆိုင်က၀န်ထမ်းတစ်ဦးကဆိုပါတယ်။

နောက်ထပ်ဖွင့်သွားမဲ့ဆိုင်များမှာ အချိန်ပြည့် သို့မဟုတ်  အချိန်ပိုင်း   ၀န်ထမ်းတွေ  ခေါ်နေပါတယ်။

အလုပ်ချိန်ကတော့ မနက် ၇း၀၀ ကနေ နေ့ခင်း ၃း၀၀ အထိ သို့မဟုတ် 
ညနေ ၄း၀၀ ကနေ ည ၁၀း၀၀ အထိ  ဖြစ်တယ်၊
အစမ်းခန့်ကာလ  (၁) လ ဖြစ်တယ်၊ လစာကတော့ ၅ သောင်း နဲ့ ၈သောင်းကြားပေးမယ်လို့ ဆိုပါတယ်။

ကြိုးစားမှုပေါ် မူတည်ပြီး အပိုကြေးပေးတာ၊ ထောက်ပံ့ကြေးပေးတာမျိုးလည်း လုပ်ပေးသွားမယ်၊ ဆိုင်မန်နေဂျာအဆင့်ကနေ နယ်မြေခံ မန်နေဂျာအထိ လုပ်နိုင်မဲ့အခွင့် အရေးလည်း ရှိပါတယ် တဲ့။


မြန်မာပြည်က လက်ဘက်ရည်ဆိုင် တချို့မှာ ခါးပတ် တွေ့ဖူးပါတယ်။ စားသောက်ဆိုင်တချို့ရဲ့ အစားအသောက်စာရင်း (menu) မှာလည်း ခါးပတ်ကို တွေ့ဖူးကြမှာပါ။
သို့သော်လည်း ခါးပတ်တမျိုးတည်းကို ဆိုင်ခွဲတွေ ဖွင့်ပြီး ရောင်းဖို့ စီစဉ်နေတာကတော့ ဒီနေရာပဲ ရှိမယ် ထင်ပါရဲ့။










.

1 comment: