Pages

Tuesday, February 12, 2013

သန်လျင်ရောက် ဒဂုန်တာရာ



~


အေးချမ်းမြေ့~

 
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ နှုတ်ဆက်ပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သန်လျင် ထန်းပင်ကုန်းရပ်ကွက်၊ ၇ လမ်းမှာ ကျင်းပခဲ့ပါတယ်။

အခုလို ကျင်းပတာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်တယ်လို့ စာရေးဆရာ ထက်မြတ်က ပြောပါတယ်။

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဟာ သူရတဲ့ ဆရာဝန်တင်ရွှေ တသက်တာ စာပေဆုကို သွားမယူဘဲ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ သူ့နှုတ်ဆက်ပွဲကို အရောက်လာခဲ့ပေမယ့် အသက်အရွယ်အရ စကားမပြောနိုင်တော့ လောက်အောင် မောပန်းနေပါတယ်။

ဆရာကြီးဟာ နှစ်စဉ် ဆောင်းရာသီတိုင်း ရန်ကုန်မှာ လာနေလေ့ရှိပြီး အခုလို နွေဦးပေါက်ဆိုရင်တော့ ရှမ်းပြည်နယ် အောင်ပန်းမြို့ကို ပြန်လေ့ရှိပါတယ်။

 မပြန်ခင်မှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ အခုလို တွေ့ဆုံ နှုတ်ဆက်ပြီး အပြန်အလှန်စကားပြောကြ၊ စာပေဆွေးနွေးကြ၊ စားကြသောက်ကြနဲ့ အခန်းအနားပုံစံမဟုတ်ဘဲ ပျော်ပျော်ပါးပါး ကျင်းပလေ့ရှိပါတယ်။

 ဒီနှစ်မှာတော့ ဆရာကြီးလာမယ်၊ မလာမယ် မသေချာတဲအတွက် စာရေးဆရာ၊ ကဗျာဆရာတွေ သိပ်မစုံလင်လှပါဘူး။

ဆရာကြီးက လာမယ့် ၁၇ ရက်နေ့မှာ လေယာဉ်နဲ့ အောင်ပန်းကို ပြန်တော့မှာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ဖေဖော်ဝါရီ ၁၂ ရက်နေ့တိုင်း သန်လျင်မှာ စာရေးဆရာကြီး မင်းသုဝဏ်က ထမင်းနှဲပွဲ ကျင်းပပါတယ်။

ဒီပွဲကို ဆရာကြီး ဒဂုန်တာရာက ရောက်ဖြစ်အောင် သွားလေ့ရှိပြီး နောက်ရက်မှာ စာရေးဆရာတွေကို နှုတ်ဆက်လို့ အောင်ပန်းကို ပြန်တယ်လို့ သိရပါတယ်။






Add caption

 
 



























-

No comments:

Post a Comment