Pages

Saturday, February 23, 2013

ဧရာဝတီဘလော့ဂ်မြင်ကွင်း အပြောင်းအလဲ


လာမယ့် ရက်ပိုင်းအတွင်း ဧရာဝတီဘလော့ဂ် http://blog.irrawaddy.org စာမျက်နှာကို ပုံစံပြောင်းမှာ ဖြစ်ပါတယ်။

ဧရာဝတီအိုင်တီအဖွဲ့ဆီက ရတဲ့ ပုံကြမ်းကို ယူပြီး မကြာခင် တွေ့ရမယ့် အသွင်သစ် နဲ့  လက်ရှိပုံစံကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။

ဒီဇိုင်း အပြောင်းအလဲလုပ်တဲ့အခါ အောက် ဖော်ပြပါ စာသားကိုလည်း ထင်သာမြင်သာရှိတဲ့နေရာတခုမှာ တွေ့ရမယ်လို့ သိရပါတယ်။

ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။
ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။








1 comment:

  1. အသွင်မပြောင်းပါနဲ့ဗျာ
    စိတ်ဓာတ်လေးတွေ အဓိက ပြောင်းပေးပါ

    ReplyDelete