Pages
▼
Thursday, February 14, 2013
တရုတ် မန်ဒရင်းလို သီချင်းဆိုပြတဲ့ အဆိုတော် Celine Dion
ကမ္ဘာကျော် ကနေဒါ အဆိုတော် Celine Dion ဟာ တရုတ် မန်ဒရင်း ဘာသာနဲ့ သီချင်းသီဆိုသွားတာပါ။
တရုတ်နိုင်ငံရဲ့ ပီကင်းမြို့မှာ ကျင်းပတဲ့ ဂါလာ နွေဦးပွဲတော် ၂၀၁၃ CCTV (တရုတ်နှစ်သစ်ကူးပွဲတော် )
ဖျော်ဖြေပွဲမှာ တရုတ် မန်ဒရင်းဘာသာနဲ့ ပြီးခဲ့တဲ့ စနေနေ့က ဖျော်ဖြေသွားခဲ့တာပါ။
ကနေဒါ အဆိုတော် Celine Dion ဟာ အင်္ဂလိပ်၊ ပြင်သစ် အစရှိတဲ့ ဘာသာစကားတွေနဲ့ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူလည်းဖြစ်ပါတယ်။ ဒီအပြင် စပိန်၊ ဂျပန်၊ အီတလီ တွေလိုလည်း ဆိုနိုင်ပါသေး တယ်။
အခုဆိုရင် တရုတ် မန်ဒရင်းဘာသာနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုပြလိုက်ပြန်ပါတယ်။
အခု သီဆိုပြတဲ့ သီချင်းကတော့ "My Heart Will Go On" ဆိုတာကို တရုတ် မန်ဒရင်းဘာသာအားဖြင့် "Mo Li Hua" စပယ်ပန်းလို့ အဓိပ္ပါယ်ရတဲ့ သီချင်းကို တရုတ် နာမည်ကြီး အဆိုတော် Song Zuying နဲ့ ၂ ယောက်တွဲ သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။
အခုလို တရုတ် မန်ဒရင်းလို သီချင်းဆိုရတာနဲ့ပတ်သက်ပြီးလည်း Celine Dion က အခုလို ပြောပြသွား ပါသေးတယ်။

No comments:
Post a Comment