Pages

Monday, February 25, 2013

PSY နဲ့ တောင်ကိုရီးယား သမ္မတသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲ

တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ မစ္စ ပတ်ဂုန်ဟေး ဟာ တောင်ကိုရီးယား စံတော်ချိန် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညသန်းခေါင် ၁၂ နာရီကျော်က စပြီး သမ္မတ တာဝန်တွေကို စတင် ထမ်းဆောင်ပါပြီ။ 

သမ္မတသစ် မစ္စ ပတ်ဂုန်ဟေး ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်း က တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုလ်မှာ ကျင်းပခဲ့ရာမှာ တောင်ကိုရီးယားရဲ့ နာမည်ကြီး ကမ္ဘာကျော် အဆိုတော် PSY လည်း တက်ရောက် ဖျော်ဖြေခဲ့ပါတယ်။ 

အဆိုပါ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို လူပေါင်း ၇ သောင်းကျော် တက်ရောက်တယ်လို့ တောင် ကိုရီးယား သတင်းတွေဖော်ပြပါတယ်။ 

သမ္မတသစ်ကတော့ မြောက်ကိုရီးယားရဲ့ အနုမြူလက်နက်ပိုင်ဆိုင်ချင်တဲ့ ရည်မှန်းချက်ကို စွန့်ခွာဖို့ သမ္မတ သက်တမ်း ပထမဆုံးနေ့မှာ သတိပေးလိုက်ပါတယ်။ 

 

1 comment:

  1. Please accelerate current news.Upgrade your blog as we hope more than now.

    ReplyDelete