Pages

Saturday, March 2, 2013

လူ့အခွင့်အရေး၊ စီးပွားရေး သင်တန်းတက်လိုသူတွေ သိစေဖို့

လူ့ အခွင့်ရေး နှင့် စီပွားရေး အခြေခံသင်တန်း တခုကို  ပဏ္ဍိဖွံဖြိုးရေး အင်စတီကျူ့ က ဦးစီးပြီး ရန်ကုန်မြို့ ဆိတ်ကမ်းသာလမ်း( အောက်)၊ အမှတ် ၉၃ ပထမထပ်၊ ကျောက်တံတားမြို့ နယ်မှာ  မတ်လ ၁၁ ရက် မှ ၁၅ ရက်ထိ မနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲ ထိ နေ့စဉ် ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ 


ပဏ္ဍိဖွံဖြိုးရေး အင်စတီကျူရဲ့ သင်တန်းတခုမြင်ကွင်။ ဓာတ်ပုံ-Pandita Development Institute - PDI


ယခု ဖွင့်လှစ်မယ့် သင်တန်းကို စိတ်ဝင်စားသူများအနေနဲ့ အီးမေးလ် လိပ်စာ pyainyo@gmail.com နှင့် တယ်လီဖုန်း နံပါတ် 09 420107454 တို့ကို ဆက်သွယ်လို့ ရသလို ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့  ဤနေရာသို့ သွား၍လည်း အသေးစိပ် သွားရောက် လေ့လာ စုံစမ်းနိုင်ပါတယ်။ 


မှတ်ချက်။ ။ ၅ ရက်လုံးတက် အချိန်ပြည့် တက်နိုင်သေား သင်တန်းသားများကို ဦးစားပေးမည်ဟု သင်တန်း စီစဉ်သူများက ဆိုပါတယ်။ 

ဒီအပြင်  နေ့ လည် စာနှင့် အစာပြေ များလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသည် စီးပွားရေး ဆိုင်ရာရင်းနှီးမြုပ်နှံမှုများ အရင်ထက် ပွင့်လင်းလာပြီး ဖြစ်သောကြောင့် စီပွားရေး စီမံကိန်းများ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်များ သည် နိုင်ငံသားများ၏ အခွင့်ရေးများကို များစွာထိခိုက်လာသည်ဟု သင်တန်း စီစဉ်သူတွေက ထောက်ပြပါတယ်။

ထို့ ကြောင့် စီပွားရေး စီမံကိန်းများ လုပ်ဆောင်လာမှုနှင့် လူ့ အခွင့်အရေး အယူအဆများကို နှိုင်းယှဉ် ချိတ်ဆက်ထားသော သင်ခန်းစာများပါဝင်သည့် သင်တန်းကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သင်တန်းစီစဉ်သူတွေက ဆိုပါတယ်။ 

အိမ့်သံစဉ် ~

No comments:

Post a Comment