Pages

Friday, March 15, 2013

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး အသစ် ခန့်အပ်

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ပြောင်းလဲ ခန့်အပ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူလိုက်ပါပြီ။ 

အသစ်ခန့်အပ်ရန် သဘောတူလိုက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် ဟာ အသက် ၅၇ နှစ်ရှီပြီဖြစ်ပြီး လက်ရှိ နီပေါနိုင်ငံမှာ သံအမတ်ကြီးအဖြစ် ၂၀၁၁ ခုနှစ် ကတည်းက  တာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။ 

နီပေါနိုင်ငံတွင်ကျင်းပတဲ့ ပွဲတခုမှာတွေ့ရတဲ့ မြန်မာဆိုင်ရာ တရုတ်သံအမတ်သစ် မစ္စတာ ယန်ဟို့လန်၊ ဓာတ်ပုံ-china-embassy.org

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာ Wang Ying Fun ဆိုတဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ပြီး မြန်မာ ထိပ်တန်း 
ခေါင်းဆောင်တွေနဲ့ လိုက်လံ တွေ့ဆုံဆွေးနွေးနေချိန်မှာ သံအမတ်သစ် အမည်ထွက်ပေါ်လာတာ တိုက်ဆိုင်နေပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ လီကျင်ဟွာကတော့ မကြာသေးမီက လက်ပံတောင်း အစီရင်ခံစာ မထွက်ခင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

အခုလို သံအမတ် အပြောင်းအလဲ လုပ်လိုက်ခြင်းဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ မြန်မာနဲ့ပတ် သက်တဲ့ မဟာဗျူဟာ အရွေ့အပြောင်းတွေထဲက ခြေတလှမ်းဖြစ်မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ 



 အိမ့်သံစဉ် ~

No comments:

Post a Comment