Pages

Sunday, March 17, 2013

ဗဂျီအောင်စိုး အနှစ်ကိုးဆယ်ပြည့်

 
    နှစ်ဆယ်ရာစု မြန်မာ့ခေတ်သစ်ပန်းချီဆရာကြီး ဗဂျီအောင်စိုး အနှစ်ကိုးဆယ်ပြည့် အမှတ်တရ ပန်းချီ ပြပွဲကို မြန်မာပန်းချီဆရာများစွာရဲ့ လက်ရာတွေနဲ့အတူ ခင်းကျင်း ပြသတော့မှာပါ။

ရန်ကုန်မှာ ရှေ့တပတ် သောကြာနေ့ကစပြီး ပြုလုပ်မယ့် ဒီပွဲမှာ  ဗဂျီအောင်စိုးကို သိမှီ ရင်းနှီးသူတွေက အမှတ်တရစကား ပြောကြားကြမယ် လို့ ဆရာကြီးရဲ့သားဖြစ်သူ ကိုမောင်မောင်စိုးက ပြောပါတယ်။


    ပန်းချီပြပွဲမှာ ခေတ်ပြိုင်ပန်းချီဆရာတွေဖြစ်ကြတဲ့ ခင်မောင်ရင်၊ နေမျိုးဆေး၊ အေးကို၊ ဗဂျီလင်းဝဏ္ဏ၊  မောင်ဒီ၊ မုတ်သုန်၊ မောင်ညိုဝင်း၊ ငြိမ်းချမ်းစု(NCS)၊ ၀င်းဖေမြင့် တို့ရဲ့ လက်ရာတွေအပြင်…
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ ဂျင်မီ၊ ပြုံးချိုတို့ရဲ့ ပန်းချီကားတွေကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ပြပွဲကို အမှတ်၂၈၆၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ပန်းဆိုးတန်း ပန်းချီခန်းမမှာ ကျင်းပမှာပါ။

အချိန်ကတော့ မတ်လ၂၂ရက်နေ့ကနေ ၂၅ ရက်အထိပါ။
 နံနက် ၁၀နာရီမှ ၆ နာရီ အတွင်း ပြသသွား မှာ ဖြစ်ပါတယ်။

ရွက်စိမ်း     ~



.

No comments:

Post a Comment