Pages

Wednesday, March 13, 2013

“နာဂလူမျိုးတွေကို စိတ်အနာတရ ဖြစ်စေတယ်”



နာဂလူမျိုးတွေက ချင်းမျိုးနွယ်စု ၅၃ စုထဲမှာ  ပါဝင်ကြောင်း လဝက ဒုဝန်ကြီးက  ဖေဖော်ဝါရီ ၂၇ ရက်နေ့  ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး နာဂအဖွဲ့အစည်းတချို့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကန့်ကွက်

ခဲ့ပါတယ်။

ဒီလို သတ်မှတ်ချက်ဟာ “မျိုးနွယ်စုကို ထိခိုက်တဲ့အတွက် နာဂလူမျိုးတွေကို စိတ်အနာတရ ဖြစ်စေတယ်” လို့    နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးနော်အောင်ဆန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နေထိုင်ရာ မြေနယ်နမိတ်၊ လူဦးရေ အချိုးအရ   ၂၀၀၈ အခြေခံဥပဒေမှာလည်း  “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားတယ်လို့ ထောက်ပြကြပါတယ်။

နာဂယဉ်ကျေးမှု မြို့နယ်ကော်မတီ(ရန်ကုန်)၊
နာဂတောင်တန်း ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊
နာဂကျောင်းသား လူငယ်များ အဖွဲ့ချုပ်၊
နာဂနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်
နာဂနှစ်ခြင်း ခရစ်ယာန်တပည့်တော်စု(ရန်ကုန်) တို့က ပူးပေါင်း ကန့်ကွက်ခဲ့ကြတာပါ။


  အသေးစိတ်ကို ဧရာဝတီရုပ်သံသတင်းတိုမှာ ကြည့်ရှုနိုင်ပါပြီ။
သတင်းစာရှင်းလင်းပွဲ တက်ရောက်တဲ့ သတင်းထောက်များ၊ ရန်ကုန်ရောက် နာဂ တိုင်းရင်းသားများ

No comments:

Post a Comment