Pages

Friday, March 22, 2013

မဟာ သင်္ကြန်အခါတော် ထွက်ပြီ


နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်အခါ ၀ါဆို-၀ါကပ် ရက်မြတ်အချိန်အခါတွေကို 
ထွက်ပေါ်လာပါပြီ။ 


မြန်မာသက္ကရာဇ် ၁၃၇၄/၇၅ ခုနှစ်အတွက် မဟာ သင်္ကြန်အခါတော် ( အကျ-အကြတ်- အတက်) ၃ ရက်နဲ့ 
မြန်မာ- ရခိုင်- ၀ါဆို-၀ါကပ် - လ ရက်တွေကို ယနေ့ ထုတ် သတင်းစာတွေမှာ ကြေညာထားပါတယ်။ 

လာမယ့် ဧပြီလ ၁၄ ရက်နေ့၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် နံနက် ၄ နာရီ ၆ မိနစ် ၂ စက္ကန့်မှာ မဟာသင်္ကြန် အချိန် ကျရောက်မှာဖြစ်ပါတယ်။ 

ဧပြီလ ၁၆ ရက်နေ့ အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ် ၄၄ စက္ကန့်မှာတော့ သင်္ကြန်အတက်ချိန် အဖြစ် သိရပါတယ်။ 

အပြည့်အစုံကို မြန်မာအလင်းသတင်းစာမှာ ဖတ်နိုင်ပါတယ်။

နှစ်သစ်ကူး မဟာ သင်္ကြန် အခါသမယမှာ မြန်မာနိုင်ငံနေထိုင်သူ အားလုံး အေးချမ်းမှုတွေနဲ့ ပြည့်စုံမယ်လို့
နက္ခတ္တ ပညာရှင်တချို့ရဲ့ ခန့်မှန်းပြောဆိုချက်တွေလည်း ပေါ်ထွက်လာနေပါတယ်။ 

ဒါပေမယ့် အခုထိတော့ မငြိမ်းမချမ်းဖြစ်နေပါသေးတယ်။

အခုတော့ သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာလည်း မဏ္ဍပ်တွေအတွက် ကုမ္ပဏီတွေက အပြိုင်အဆိုင် ဆောက်နေကြပါပြီ။ 

အလားတူ နေပြည်တော်နဲ့ အခြားမြို့နယ်တွေမှာလည်း ၀န်ကြီးဋ္ဌာန ရေကစားမဏ္ဍပ်တွေ ပြင်ဆင်နေတာတွေကို မြန်မာ့ရုပ်မြင်သံကြားက ပြသပေးနေပါတယ်။


အိမ့်သံစဉ် ~

No comments:

Post a Comment