Pages

Wednesday, March 13, 2013

နယ်စပ်မှာတွေ့ရတဲ့ ဖုန်းမော်နှစ်ပတ်လည်နေ့အစီအစဉ်


မြန်မာနိုင်ငံ ၈ လေးလုံး အရေးတော်ပုံ လူထုအုံကြွမှု အစဦးပိုင်း  ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တာ ဒီနေ့ဆိုရင် ၂၅ နှစ် ပြည့်ခဲ့ပါပြီ။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဖုန်းမော်နေ့အမှတ်တရ အစီအစဉ်ကို နိုင်ငံရေးအင်အားစုများ စုပေါင်းပြီး ကျင်းပပါတယ်။


သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းကပ်၊ အမျှပေးဝေကြပါတယ်။

မဲဆောက်မှာ အခက်အခဲတွေ ရှိပေမယ့်  ပြည်သူလူထုတရပ်လုံး  ဖုန်းမော်နေ့ကို မမေ့မလျော့စေလိုတဲ့ ရည်ရွယ်ချက်နဲ့  ကျင်းပခဲ့တာဖြစ်တယ် လို့ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုစိန်ဟန်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

မဲဆောက်မှာ လက်ရှိ မြန်မာအတိုက်အခံအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ လူစိတ်ဝင်သားမှုနည်းပါးချိန်မှာ ဒီနေ့ ကျင်းပတဲ့ ဖုန်းမော်နေ့ကို တက်ရောက်သူ အနည်းငယ်သာ ရှိပါတယ်။

တချိန်က မဲဆောက်နိုင်ငံရေးနယ်ပယ်မှာ လုပ်မှာတဲ့ နိုင်ငံရေး အခမ်းအနားတွေမှာ စည်စည်ကားကား တက်ရောက်တာတွေ ရှိခဲ့ပေမဲ့ ခုချိန်မှာတော့ လူစိတ်ဝင်စားမှု နည်းသွားပါပြီ။

သိပ်မကြာခင်ကာလမှာ နိုင်ငံရေးလုပ်ရှားမှုတွေဆိုရင် တက်ရောက်မယ့်လူ မရှိနိုင်တော့ဘူး။
မဲဆောက်နယ်စပ်နိုင်ငံရေးလှုပ်ရှားမှုတွေဟာ  ပါးစပ်ရာဇ၀င်အနေနဲ့ပဲ ရှိတော့မယ်လို့ တချို့က သုံးသပ် ပြောဆိုနေကြပါတယ်။








 


.

No comments:

Post a Comment