Pages

Friday, March 8, 2013

သမ္မတ ဦးသိန်းစိန် ဥရောပ ခရီးစဉ်မှ ပြန်ရောက်

ဥရောပ ၅ နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ နံနက်ပိုင်းက မြန်မာ  
နိုင်ငံကို ပြန်လည် ရောက်ရှိလာပါပြီ။ 

နိုင်ငံတော်သမ္မတဥရောပခရီးစဉ်ကပြန်ရောက်ရှိသည်ကိုပြည်သူများကကြိုဆိုနေစဉ် ဓာတ်ပုံ - ဂျေပိုင်

သမ္မတကြီးနှင့် အဖွဲ့ဝင်များကို မင်္ဂလာဒုံလေဆိပ်မှာ လာရောက်ကြိုဆိုနေကြသူများကိုလည်း တွေ့ရှိ ရပါတယ်။ အနုပညာရှင်များလည်း လာရောက်ကြိုဆိုကြပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်ဂျီယံ၊ အီတလီ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံ 
ဆွေးနွေး မှုတွေလုပ်ခဲ့ပါတယ်။

အထူးသဖြင့်တော့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့များ ရရှိရေးအတွက် ဖြစ်ပါတယ်။ 



4 comments:

  1.ွှရုပ်သေးရုပ် ကြီးတောင် ပြန်ရောက်လာ ပီကိုး

    ReplyDelete
  2. ရခိုင် အရေး မဆောင်ရွက်နိုင်ဘူး။ကချင် အရေး မဆောင် ရွက်နိုင်ဘူး။ လက်ပံတောင်း အရေး မဆောင်ရွက်နိုင်ဘူး။ သူများရေးပေး တဲ့ စာကို ကောင်းနိုး ရာရာ လေးတွေ စာရွက်နဲ့ မှတ်ထားပီး ရေဒီယို မိန့်ခွန်း ပြောမယ် စည်းရုံးမယ် ဒါတော့ဖြစ်တယ်။ဒါလား နိုင်ငံတော် သမ္မတ

    ReplyDelete
  3. ဦးသိန်းစိန်ကို ဘယ်သူတွေ လာကြိုကြသလဲ။ ဓါတ်ပုံတွေမှာ လာရောက်ကြိုဆိုကြသူတွေကို ကြည့်လိုက်တဲ့ အခါ အများပြည်သူ၊ တိုင်းပြည်ရဲ့ အခြေခံလူတန်းစားတွေ လာကြိုကြတာ မျိုး မဟုတ်ဘူး။ မီမီသဘောနဲ့ မီမီ ငါတို့ ရဲ့ သမ္မတကြီး၊ သန့် ရှင်းတဲ့ ခေါင်းဆောင်ကြီးဆိုပြီး ဘက်ပေါင်း စုံက လာကြိုကြတာမျိုး မဟုတ်တာကို အထင်အရှားတွေ့ ရတယ်။ ပုံစံခွက်ထဲက ပြုလုပ်ထားတဲ့ ဟန်ပြသဘောဆောင်နေတယ်။ သမ္မတရုံး အဖွဲ့  ဝန်ကြီးတစ်ချို့ နဲ့ ကြံ့ခိုင်ရေးအမျိုးသမီးအင်အားစု၊ သက်ဆိုင်ရာ နယ်မြေကျ ရဲအရာရှိတစ်ချို့ ၊ လုပ်ငန်းရှင်များအသင်းတွေက လစာပေးပြီးလာခိုင်းထားတဲ့ ဝန်ထမ်းတစ်ချို့ တွေ့ ပါတယ်။ အနုပညာရှင် တစ်ယောက်စ နှစ်ယောက် ဒါအကုန်ပါ။ ဆိုလိုတာက ပြည်သူလူထု တရပ်လုံးက လှိုက်လှိုက်လှဲလှဲ ခရီးဦးကြိုတာမျိုး မဟုတ်ဘူးဆိုတာ အထင်အရှားတွေ့ ရတယ်။ ဒီအတွက်ကြောင့် ပြည်သူတစ်ရပ်လုံး ခရီးဦးကြိုပြုဖို့  ဦးသိန်စိန်၊ ဦးစိုးသိမ်း၊ ဦးရဲထွဠ်တို့  အနေနဲ့ အတော်ကလေး ရိုးသားပွင့်လင်းဖို့ ၊ ကြိုးကြိုးစားစားလုပ်ဖို့ ၊ လူထု အကျိုးတွေအတွက် အများကြီး လုပ်ဖို့ လိုသေးတယ်။ ရိုးသားဖို့ ၊ တိုင်ပြည်အပေါ် သစ္စာရှိဖို့ ၊
    စစ်တပ်ကျောေ ထာက်နောက်ခံ မဖြစ်ဖို့  စတာတွေကို အားသွန်းခွန်စိုက် စိတ်သဘော ထားရှင်းရှင်းလုပ်နိုင်မှ လူထုအစစ် တိုင်ပြည်အချစ်ကို ရလိမ့်မယ်။ KNM

    ReplyDelete
  4. အဲဒီသူတွေရော ခွင့်ပြုမိန့်ယူပြီးမှကြိုကြတာလားလို့ မေးလိုက်ချင်တယ်....

    ReplyDelete