Pages

▼

Friday, March 1, 2013

သတင်းစာ ၈ စောင် ထုတ်ဝေခွင့်ကျပြီ




ပုဂ္ဂလိကသတင်းစာ  ၈ စောင် ထုတ်ဝေခွင့် ချပေးလိုက်ပြီလို့ အစိုးရပြန်ကြားရေးဌာန တာဝန်ရှိသူတချို့က ပြောပါတယ်။

ထုတ်ဝေခွင့် လျှောက်လွှာ ၁၇ စောင် လက်ခံရရှိတဲ့ထဲက

 ခေတ်မိုး
ရွှေနိုင်ငံသစ်

 ပြည်ထောင်စုနေ့စဉ်
 အင်ပါယာ

 The messenger၊
 နောက်ဆုံးရနေ့စဉ်သတင်းစာ

 မြန်မာနယူးဝိခ်နေ့စဉ်
 မဇ္ဈိမ


ဒီ ၈ စောင်ကို ထုတ်ဝေခွင့် ပေးလိုက်ပြီ၊
၆ စောင်က လျှောက်လွှာမှာ လိုအပ်ချက်တွေ ဖြည့်ဖို့ လိုသေးတယ်၊
၃ စောင်ကိုတော့ စိစစ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ၈ စောင်က ဧပြီ ၁ ရက်နေ့မှာ စတင်ပြီး  ထုတ်ဝေနိုင်ပြီလို့ သိရပါတယ်။

 မထုတ်ခင်တော့ ထုတ်ဝေသူ ယာယီ မှတ်ပုံတင်သက်သေခံလက်မှတ် ရရှိရေး လိုမျိုး စာရွက်စာတမ်း ကိစ္စတွေ  ဆောင်ရွက်သွားရမယ် လို့ သိရပါတယ်။

(ဓာတ်ပုံ - လောအယ်စိုး)

No comments:

Post a Comment