Pages

Wednesday, March 6, 2013

ဗိုလ်လေးသိန်းစိန်ပြောတဲ့ နန်းမြတ်စန္ဒာဆိုတာ ဘယ်သူလဲ?


သမ္မတ ဦးသိန်းစိန်အနေနဲ့ ငယ်စဉ်က စာတွေ ရေးခဲ့ဖူးတဲ့ စာရေးဆရာဆိုရင် မမှားပါဘူး။ 

တချိန်က သိန်းစိန်ထွန်း ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားထားတဲ့ ၀တ္တုတို တပုဒ်ကိုတော့ မြ၀တီ က နိုင်ငံတော် သမ္မတကြီး၏ ငယ်မူငယ်သွေး ပြန်လည်ဆန်းသစ်ခြင်းလက်ရာ ဆိုပြီး ပြန်လည် ဖော်ထုတ် ထားပါတယ်။ 

ဦးသိန်းစိန်ရဲ့ ၁၉၈၆ ခုနှစ် အောက်တိုဘာလ တုန်းက မြ၀တီ မဂ္ဂဇင်းမှာ  ဖော်ပြခဲ့တဲ့ အချစ်နဲ့ ဘ၀ကို ခံစား ဖွဲ့ သီထားတဲ့ လက်ရာလေးမှာ......

တချိန်က စစ်ဗိုလ်လေး ဦးသိန်းစိန်ပြောတဲ့ နန်းမြတ်စန္ဒာဆိုတာ ဘယ်သူလဲ? 

"အချစ်ရှိက သောက ရှိမည်၊ အချစ်နှင့် သောကသည် အသည်းနင့်အောင် ခံစားရသည့် ဝေဒနာ" လို့ ဆိုထား လေတော့ ဦးသိန်းစိန်တယောက် အဲဒီတုန်းက ဘယ်လို ဝေဒနာတွေ ခံစားခဲ့ရလို့ ဘယ်လိုများ ရေးဖွဲ့ ထားသလဲ ? 

သမ္မတ ဦးသိန်းစိန်ရဲ့ ယခင်က စာ အရေးအသား အဖွဲ့အနွဲ့ လက်ရာကို http://www.myawady.net.mm/images/pdf/333.pdf မှာ  ဖတ်နိုင်ပါတယ်။ (PDF ဖိုင် ဖြစ်တဲ့အတွက် အင်တာနက် မြန်နှုန်းမြင့်ဖို့တော့ လိုပါမယ်)






No comments:

Post a Comment