Pages

Wednesday, March 13, 2013

ပုံနှိပ် ဥပဒေကြမ်းကို စာပေထုတ်ဝေသူနဲ့ ဖြန့်ချီသူများ ထောက်ခံ

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော် သို့ တင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သတင်း မီဒီယာ အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေစဉ်မှာပဲ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနဲ့ ဖြန့်ချီသူများအဖွဲ့က ယမန်နေ့ မတ်လ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 


 ဓာတ်ပုံ- သတင်းလွတ်လပ်ခွင့် ကော်မတီ

 အဆိုပါ စာပေထုတ်ဝေသူနဲ့ ဖြန့်ချီသူများအသင်းက ယမန်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ လမ်းက Orchid Hotel မှာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေနဲ့ ယခု ထွက်ပေါ်လာတဲ့ ဥပဒေကြမ်းကို နှိုင်းယှဉ်ဆွေးနွေးပွဲ တရပ်ကို ကျင်းပခဲ့တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 

အဆိုပါ အသင်းက ဒုဥက္ကဋ္ဌ ဖြစ်သူ ပါရမီစာအုပ်တိုက်က ဦးကျော်စိုးက အဖွင့်စကားပြောဆိုပြီး ပြည့်စုံ စာအုပ်တိုက်က ဦးမျိုးအောင်က နှိုင်းယှဉ် သုံးသပ် ဆွေးနွေးပြခဲ့ပါတယ်။ ချမ်းသာစာပေက ဦးရဲမြင့်နဲ့ သီဟရတနာ စာပေက ဦးသိမ်းစိုးတို့လည်း ပြောဆိုဆွေးနွေးသွားကြပါတယ်။ 

နောက်ဆုံးတော့ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေ မူကြမ်းဟာ ထုတ်ဝေသူတွေအတွက် ပိုပြီး အဆင်ပြေလို့ ထောက်ခံကြပြီး လွှတ်တော်မှာ အမြန်ဆုံး တင်သွင်းဆွေးနွေးအတည်ပြုရေး တိုက်တွန်းတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အပြည့်အစုံကတော့ 



စာနယ်ဇင်းသမားတွေရဲ့ များစွာသော ကန့်ကွက်မှုတွေ ရှိနေပေမယ့် စာပေထုတ်ဝေသူ နဲ့ ဖြန့်ချီသူများ အသင်းက ပထမဆုံး ထောက်ခံတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။


အိမ့်သံစဉ် ~

No comments:

Post a Comment