Pages

Friday, March 8, 2013

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများအရေး ပြေလည်တော့မှာလား

ဂျော်ဒန်နိုင်ငံ၊ Ramtha မြို့က အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော မြန်မာအလုပ်သမား ၁၃၅၀ ကျော် တို့အရေး မပြေမလည် ဖြစ်နေတာကို အစိုးရ ဘက်က တာဝန်ရှိသူတချို့ အမြန်ဆုံး စေလွှတ်ပြီး ညှိနှိုင်း 
ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဆန္ဒပြနေသော ရောက်ဒန်ရောက် မြန်မာအလုပ်သမားများ၊ ဓာတ်ပုံ- ကျော်ဇင်ဦး

အဆိုပါ မြန်မာအလုပ်သမားတွေကို တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်သူတွေလို့ ပြောဆိုထားပြီး အလုပ်သမားတွေကို ပို့ဆောင်ပေးခဲ့တဲ့ အေးဂျင့်က ဦးစိုင်းတင်ထွန်းသွားရောက် ညှိနှိုင်းဖြေရှင်းရာ မှာ တောင်းဆိုချက်တွေထဲက လုပ်ခ လစာတိုးပေးရေးမှ အပ ကျန်အချက်တွေ အဆင်ပြေ သွားပြီလို့ သတင်းစာက ဆိုပါတယ်။  

မတ်လ ၈ ရက်နေ့ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာဖြတ်ပိုင်း

1 comment:

  1. တရားမ၀င်ပို့တာဆိုတော့..လူကုန်ကူမှုနဲ့အရေးမယူတော့ဘူးလား.....ဒီ company ကဥပဒေရဲ့ အထက်မှာလား
    အောက်မှာလား...သိချင်ပါတယ်.....man power လိုင်စင်တွေစ ထုပ်ပေးကထဲက special permit နဲ့မိန်းခလေးပို့ခွင့်..ကိုဒိုင်လျိုလေး... အာရကေယူပြီးထုပ်ပေးထားရင်တော့လဲမပြောတတ်ဘူးပေါ့....

    ReplyDelete