Pages

Thursday, March 7, 2013

ထိုင်ဝမ်မုန့်လင်မယား ရန်ကုန်ရောက်ပြီ



      ရန်ကုန်မြို့လယ်တ၀ိုက်မှာ နိုင်ငံတကာက အစားအသောက်ဆိုင် မျိုးစုံကို ဖွင့်လာတာ၊  ဖွင့်ဖို့ပြင်ဆင်နေတာတွေကို အခုရက်ပိုင်း သတိထားမိပါတယ်။

အသစ် ဖွင့်ထားတဲ့ဆိုင်တခုကတော့  ၃၇ လမ်း နဲ့ မဟာဗန္ဓုလထောင့်က  လမ်းဘေးမုန့်ဆိုင်လေးပါပဲ။

ထိုင်ဝမ်နိုင်ငံအနှံ့မှာ ရိုးရာမုန့်အဖြစ်တွေ့ရမယ့် wheel pie (ဘီးမုန့်) ရန်ကုန်ရောက်လာပြီပေါ့။

ရောင်းတဲ့မုန့် နာမည်ကိုပဲ ဆိုင်နာမည်ပေးထားတာပါ။
ဆိုင် ဆိုင်းဘုတ်မှာ တွေ့ရတဲ့   7's wheel pie ကို နံပါတ် ၇ ရဲ့ ဘီးမုန့် လို့   ဘာသာပြန်နိုင်ပါလိမ့်မယ်။ 


ပုံစံကတော့ မြန်မာပြည်ကလမ်းဘေးမုန့်တခုဖြစ်တဲ့ မုန့်လင်မယားနဲ့ ခပ်ဆင်ဆင်ပါ။
စားကြည့်တော့ အရသာကတော့ မတူပါဘူး။

ဒီမုန့်ရဲ့ အားနည်းချက်ကတော့  ပူပူနွေးနွေး ဆိုမှ စားကောင်းတာမျိုးပါ။
အချိန်နည်းနည်းကြာလို့ အေးသွားရင် မာပြီး စားမကောင်းတော့ပါဘူး… ။

ဆိုင်ရှေ့က ထွက်တာနဲ့ လမ်းလျှောက်ရင်း စားလိုက်တာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

မုန့်နှစ်ကို ပုံစံခွက်မီးဖိုထဲထည့် အပူပေးပြီး အဆာသွပ်ထားပါတယ်။  လောလောဆယ်မှာ ပဲနီ၊ ပိန်းဥ၊ ထောပတ်၊ ချိစ်၊ ချောကလက် စသဖြင့် အရသာ ငါးမျိုး မှာယူ စားသောက်နိုင်ပါတယ် တဲ့။

မုန့်တခုကို ၃၀၀ ကျပ်နဲ့ ရောင်းနေပါတယ်။



အစားသောက် အသစ်တွေကို မြည်းစမ်းချင်သူတွေ ပေးနေတဲ့ မက်လုံးတခုက ဒီရက်ပိုင်း အရောင်းမြှင့်တင်တဲ့ကာလ ဖြစ်တဲ့အတွက် ငါးခု ၀ယ်ရင် တခု အပို ပေးတယ် ဆိုတာပါပဲ။

ရန်ကုန်မှာ နောက်ထပ် ငါးဆိုင်လောက် ထပ်ဖွင့်ဖို့ရှိတယ် လို့လည်း သိရပါတယ်။

ထိုင်ဝမ်မှာ 紅豆餅 သို့မဟုတ် 車輪餅 လို့ ခေါ်တဲ့ ဒီမုန့်လင်မယားမျိုးကို ဂျပန်မှာလည်း ရိုးရာမုန့်အဖြစ် တွေ့နိုင်ပါတယ်။
ထိုင်းနိုင်ငံမှာလည်း ဒီလိုမုန့်လင်မယား ရောင်းနေကြတာ တွေ့ရပါတယ်။

ရွက်စိမ်း


No comments:

Post a Comment