Pages

Wednesday, March 13, 2013

လက်ပံတောင်းအရေး တရုတ် ၀မ်ပေါင် ဘာပြောထားလဲ


မြန်မာနိုင်ငံက တပ်မတော်က ပိုင်ဆိုင်တဲ့ ဦးပိုင်နဲ့ တရုတ် နိုင်ငံက ၀မ်ပေါင် တို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့တွေက လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြင်းထန်စွာအင်အားသုံး  ဖြိုခွဲ ခဲ့ပါတယ်။ 

ဒီနောက်ပိုင်း လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူကာ ဖွဲ့စည်း တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ 

မတ်လ ၁၂ ရက်နေ့ကတော့ လက်ပံတောင်း ကော်မရှင်ရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီး ကြေးနီစီမံကိန်းနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ၀မ်ပေါင် ကုမ္ပဏီကလည်း အစီရင်ခံစာကို ကြိုဆိုကြောင်းနဲ့ အစီရင်ခံစာပါ တိုက်တွန်း အကြံပြုချက်တွေကို လိုက်နာသွားမယ်ဆိုတဲ့အကြောင်း ယနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

ဝမ်ပေါင်နှင့် ဖက်စပ် လုပ်ကိုင်တဲ့ ဦးပိုင် ကလည်း ယနေ့ နေ့စွဲနဲ့ အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~

No comments:

Post a Comment