Pages

Saturday, March 16, 2013

မစ္စတာ ရှီကျင့်ဖျင် တရုတ်သမ္မတသစ် ဖြစ်လာ

တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်၊ ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ မစ္စတာ ရှိကျင့်ဖျင်ကို တရုတ်သမ္မတသစ် အဖြစ် ရွေးချယ်ခဲ့ပါပြီ။ 

ဓာတ်ပုံ-chimpreports.com

တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ တရုတ်သမ္မတ သစ်အဖြစ်ရယ် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ တွေအဖြစ် မတ် လ ၁၄ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ တရုတ် ပြည်သူ့ သမ္မတနိုင်ငံရဲ့ ဒုတိယ သမ္မတသစ် ကိုတော့ မစ္စတာ လီယွမ်ချောင်ကို ရွေးချယ်ခဲ့တဲ့အကြောင်းတရုတ်နိုင်ငံသတင်းတွေမှာ ဖော်ပြထားပါ တယ်။ 

မကြာသေးခင် ရက်ပိုင်းကပဲ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး အသစ်ပြောင်းလဲ ခန့်အပ်ခဲ့ပါသေး တယ်။ 

တရုတ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် အတိတ်ကာလတွေကတော့ တရုတ် အနေ နဲ့ မြန်မာဆိုင်ရာ ပေါ်လစီကတော့ သိပ်ပြီး ထူးခြားစွာ ပြောင်းလဲမှု မတွေ့ရဘူးလို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ တရုတ်ခေါင်းဆောင်အပြောင်းအလဲကြားမှာ ဘယ်လို ဗျူဟာ အရွေ့အပြောင်းရှိမယ်ဆိုတာတော့ စိတ်ဝင်စားစရာအဖြစ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။



အိမ့်သံစဉ် ~

No comments:

Post a Comment