Pages

Monday, March 11, 2013

အရှင်ဉာဏိဿရ ကြွရောက်တဲ့ ချင်းမိုင်ဘုန်းကြီးပျံ



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကျောင်းဆရာတော် ဦးအာသဘရဲ့ ဈာပနအခမ်းအနားကို မနေ့က ကျင်းပရာမှာ  သီတဂူ ဆရာတော် အရှင်ဉာဏိဿရ အပါအ၀င် ရဟန်းရှင်လူ အများအပြား တက်ရောက်ကြတာကို တွေ့ရပါတယ်။

ဝပ်ဆိုင်မွန်း မြန်မာကျောင်းမှာ ဈာပနအခမ်းအနားကို ၃ ရက်တိုင် ကျင်းပရာမှာ စနေနေ့ညနေပိုင်း အခမ်းအနားအစီအစဉ်တခုကတော့   အရှင်ဉာဏိဿရရဲ့  တရားပွဲ ဖြစ်ပါတယ်။

တရားနာကြတဲ့ ချင်းမိုင်ရောက် မြန်မာပြည်သားတွေကို  အရှင်ဉာဏိဿရက  ဗုဒ္ဓဘာသာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြဖို့ တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။

ဒီကျောင်းမှာ ဆရာတော်က ဒုတိယအကြိမ် ဟောပြောခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ပထမအကြိမ် ဟောပြောရာမှာ မျိုးချစ်စိတ်၊  မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်လိုစိတ် ရှိကြဖို့  ဟောကြားခဲ့ပါတယ်။

အရှင်ဉာဏိဿရ ကြွရောက်တဲ့ ချင်းမိုင်ဘုန်းကြီးပျံ မြင်ကွင်းများထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(ဓာတ်ပုံများ - ငြိမ်းဇော်/ဧရာဝတီ)










 
ဝပ်ဆိုင်မွန်းကျောင်းမှာ ဝေယျာဝစ္စ ကူညီလေ့ရှိသူတချို့

သာသနာ့အလံနဲ့ မြန်မာကလေးငယ်



အလှူခံဌာနမှာ တွေ့ရတဲ့ လူငယ်များ



ချက်ပြုတ်ရေး တာဝန်ယူသူများ 


ဈာပနမှာ တွေ့ရတဲ့ သာသနာ့အလံကိုင် အမျိုးသားများ














 




 

 
 

 

No comments:

Post a Comment