Pages

Tuesday, March 12, 2013

ဟူဂိုရှာဗက်အတွက် ဖိုးလပြည့် ကြေကွဲရ



ဗင်နီဇွဲလားသမ္မတ ဟူဂိုရှာဗက် မကြာသေးခင်က ကွယ်လွန်သွားတဲ့အတွက် မြန်မာပြည်က ဘယ်သူတွေ ကြေကွဲဝမ်းနည်းနေပါသလဲ။
အနည်းဆုံး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်က ဝမ်းနည်းခဲ့ပုံရပါတယ်။

ဖိုးလပြည့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)ရဲ့ မြေးတယောက် ဖြစ်ပါတယ်။

သူက သူ့ Facebook မှာ မကြာသေးခင် ကွယ်လွန်သွားတဲ့ ဟူဂိုရှာဗက် အတွက် မှတ်ချက်ပြုထားပါတယ်။
Hugo...I'll be missing u!!! :'(
ဟူဂို .... ကျနော် ခင်ဗျားကို သတိရနေမှာပါ လို့  ခပ်တိုတို ရေးထားတာပါ။

ဟူဂိုရှာဗက်က ဖိုးလပြည့် ကြိုက်တဲ့ ခေါင်းဆောင်တယောက်ဖြစ်ကြောင်း ဧရာဝတီဘလော့  http://blog.irrawaddy.org/2011/07/fhm.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

ဟူဂိုရှာဗက်ကို သူ ဘာကြောင့် ကြိုက်သလဲ ဆိုတာတော့ တိတိကျကျ မသိရပါ။

အမေရိကန်နဲ့ ကာလကြာရှည် ရန်ဘက်ဖြစ်ခဲ့၊ အမေရိကန်ကို အပြင်းအထန် ဝေဖန်ခဲ့တာတွေကြောင့် ကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ဟူဂိုက  ကင်ဆာရောဂါရခဲ့တာ ၂ဝ၁၁ ကတည်းကပါ။ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားအာဏာပိုင်တို့က  ပြည်သူလူထုကို အသိမပေးဘဲ  အသည်းအသန် လျှို့ဝှက်ခဲ့ကြတာပါ။

 ဆေးရုံတက်ကုသမှုခံယူပြီးတိုင်း လူရှေ့ထွက်၊ Twitter ကနေ စာတွေရေး လုပ်ခဲ့သူပါ။

အဲဒီနောက် လူမြင်ကွင်းက လအတန်ကြာပျောက်၊ ကျူးဘားမှာ ဆေးကုသမှု ခံယူပြီး  ဒီလ ၅ ရက်နေ့က  ကွယ်လွန်သွားတာ ဖြစ်ပါတယ်။


ဟူဂိုရှာဗက် အပြင်
ဖိုးလပြည့်ကြိုက်တဲ့ထဲ ထိပ်တန်းက ပါဝင်နေတာကတော့ ဘောလုံးကန်ခြင်း ဖြစ်ပါလိမ့်မယ်။
.


.
သူ့ Facebook မှာ သူပါဝင်တဲ့ ဘောလုံးအသင်းပုံကို တွေ့ရမှာပါ။ ရန်ကုန်မှာ ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံမှာ သူက  နောက်ဘက်တန်း ၄ ဦးမြောက်မှာပါ။

ပုံမှာတော့ ဖိုးလပြည့်ဘောလုံးအသင်း - PLP Football Club လို့ မှတ်ချက်ပေးထားပါတယ်။
Facebook မှာ သူ့ကို   Chealsea FC လို့ တွေ့ရမှာဖြစ်ပါတယ်။ Chealsea က သူ့ရဲ့ ခရေဇီအသင်း ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်
ဖိုးလပြည့်ဘောလုံးအသင်း ယူနီဖောင်းက မန်ယူအသင်းနဲ့ ပိုပြီး တူနေပါတော့တယ်။

2 comments:

  1. အာဏာရှင်ရဲ့မြေးကအာဏာရှင်ကိုနှစ်သက်တာမဆန်းပါဘူး။
    ဖိုးလပြည့်သိထားရမှာက ရှာဘက်ကိုသူ့ပြည်သူတွေထောက်ခံသလို့
    သူ့အဖိုးနဲ့သူ့ကိုဘယ်သူမှထောက်ခံမှာမဟုတ်ဘူးဆိုတာဘဲ။
    ဘာဖြစ်လို့လဲဆိုတော့ရှာဘက်လောက်တောင်ဆင်းရဲသားပြည်သူ
    တွေကောင်းကျိုးကိုတစ်ပြားဖိုးတောင်မလုပ်ဘဲမာန်တက်နေလို့ပေါ့။
    ဘယ်အချိန်ပြည်သူတွေဒဏ်ခတ်တာခံရမလဲဆိုတာဘဲစောင့်ကြည့်နေပါ။

    ReplyDelete
  2. ဟူဂိုရှာဗက် နဲ့  ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်
    မျက်နှာပုံ ဆင်သလိုလိုပဲနော် ၊ နဲနဲပိန်တာနဲ့  ၀တာ ပဲ ကွာတယ်။
    စိတ်သဘောထားချင်းလဲ တူမယ်ထင်တယ်။ ;-)

    ReplyDelete