Pages

Wednesday, March 20, 2013

ဖိုးလပြည့် သို့မဟုတ် တရား ဥပဒေအထက်က လူသားလား

ဒီရက်ပိုင်း အင်တာနက်မှာ ပျံ့နှံ့နေတဲ့ လူအများစိတ်ဝင်တစား ရှိတဲ့ သတင်းတပုဒ်ကတော့ လူထု ပုံရိပ် ဂျာနယ် အတွဲ ၁ ၊ အမှတ် ၂၆ မှာ မတ်လ ၁၈ ရက်နေ့က ရေးသား ဖော်ပြထားတဲ့ သတင်းတပုဒ်ပါ။ 

ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် ( အကီင်္ျ အဖြူလက်ရှည် ၀တ်ထားသူ) ၊ ဓာတ်ပုံ- မိုးမခ

ဒါကတော့ လွန်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ၉ ရပ်ကွက်၊ အင်းလျားလမ်း မီးပွိုင့်မှာ ဖြစ်ခဲ့တဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့် ဆိုတဲ့သူက ယာဉ်ထိန်းရဲတဦး ကို ရိုက်နှက်မှု လုပ်ခဲ့တာလို့ ဆိုတယ်။ 

အဆိုပါနေ့က ဖိုးလပြည့် မောင်းလာတဲ့ မာ့ခ် တူး အမျိုးအစား ၉ဂ/ ၉၉၁၄ ငွေမင်ရောင်ကားဟာ အင်းလျား လမ်း မီး ပွိုင့်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲကို လမ်းရှင်းခိုင်းလို့ မီးနီနေခိုက် ယာဉ်ထိန်း ရဲတပ်သားလေး က မီးစီမ်း ပြပေးခဲ့ပါတယ်တဲ့။ 

ဒါပေမယ့် မီးပွိုင့်ကို ဖိုးလပြည့်ရဲ့ကား ဖြတ်သန်းနေစဉ်အခိုက် မီးဝါသွားလို့ ကားပြန်လှည့်ပြီး ယာဉ်ထိန်းရဲ ကို လက်သီး နဲ့ ၀ိုင်းထိုးခဲ့ပါသေးတယ်တဲ့။ 

ဒါနဲ့ မပြီးသေးပါဘူး။ တချိန်က စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး ရဲ့ မြေးဟာ ဗိုလ်မှူးတဦးဆိုသူနဲ့ပါ ယာဉ်ထိန်းရဲကို ခေါ်ခိုင်းပြီး ကမ္ဘာအေး ဘုရားလမ်းက နေအိမ်တခု ဧည့်ခန်းမှာ ယာဉ်ထိန်းရဲတပ်သား ကို ရေနဲ့ပက်၊ ဒူးထောက်ခိုင်း ပြီး ပါးရိုက်တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပြန်တယ်။ 

ပါးရိုက်ခံလိုက်ရတယ်ဆိုတဲ့ ယာဉ်ထိန်းရဲတပ်သား စံသိန်းထွေးကတော့ ဖြစ်စဉ် က အမှန်ပါဘဲတဲ့။ ဒါပေမယ့် သူ့ အလုပ်ကို ဆက်လုပ်ပြီး အန္တရာယ် ကင်းဖို့ပဲ စဉ်းစားပြီး အထက်ကို တိုင်တာ တင်ပြတာမျိုး မလုပ်ပါဘူးဆိုတာကို လူထုပုံရိပ်ဂျာနယ်ကို ပြောဆိုထားပါတယ်။ 

ဒီသတင်းကိုလည်း နေပြည်တော် ရဲချုပ်ရုံးက ရထားပေမယ့် ယာဉ်ထိန်းရဲရုံးကနေ ဘာအစီရင်ခံစာ၊ ဘာတိုင်စာမှ မရ ထားလို့ အရေးယူဆောင်ရွက်စရာ မရှိဘူးလို့ ရဲချုပ်ရုံးက တာဝန်ရှိသူတဦးကို ကိုးကားပြီး လူထု ပုံရိပ်က ဖော်ပြထားပါ သေးတယ်။ 

အဲဒီမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က မှတ်ချက်ပေး ထားတာ ကိုလည်း ဖော်ပြထားပါတယ်။ 

ဦးဝင်းမြင့်ကတော့ ကော်မတီရဲ့ မူအရ “ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရပါဘူး”တဲ့။ 

တရားဥပဒေ စိုးမိုးရေးအတွက် အဓိက မဏ္ဍိုင်အဖြစ် အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေပါတယ်ဆိုတဲ့  
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူ 
နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က ယာဉ်ထိန်းရဲတပ်သားလေး စံသိန်းထွေးကို ပါးရိုက် လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြမလာတာက ထူးဆန်းနေပြန်ပါတယ်။ 

တချိန်က ရုပ်ရှင်၊ ကြော်ငြာ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ပါးရိုက်တဲ့ အမှုဖြစ်စဉ်တုန်းကတော့လျော်
ကြေး ငွေ ကျပ် ၁၀၀၀ နဲ့ နာမည်ကြီးခဲ့ပါသေးတယ်။ 

မကြာသေးမီက တာချီလိတ်မှာ ပါးရိုက်တဲ့ ဖြစ်စဉ် မှာတော့ တပ်ရင်းမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါ တယ်။ 

အခုတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ရဲ့ ပါးရိုက်မှုကိစ္စ ကာယကံရှင် ယာဉ်ထိန်းရဲ တပ်သား စံသိန်းထွေး ဆိုသူက အမှုလုပ်မတိုင်ကြားရဲတဲ့အဖြစ်နဲ့ ကြုံနေရတယ်။ 

ဒီတော့ တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အစိုးရလို့ ကြွေးကြော်နေချိန်မှာ အစိုးရ ၀န်ထမ်းငယ်လေး တဦးအတွက်တောင် တရားဥပဒေ ဆိုတာက အကာအကွယ်မပေးနိုင်တဲ့ အခြေအနေ ဆိုက်နေတာ အံ့သြစရာပါ။ 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ် တဖြစ်လဲ အရပ်သား ဦးသိန်းစိန် အစိုးရ လက် ထက်မှာ ဒီကိစ္စဟာ စိန်ခေါ်မှု တခုအဖြစ် စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတခုပါ။ 

ဒီသတင်းနဲ့ပတ်သက်ပြီး အင်တာနက်လောကမှာ ဝေဖန်သူတွေက အမျိုးမျိုး မှတ်ချက်ပေးပါတယ်။ 

စိတ်ဝင်စားစရာ မှတ်ချက်တွေထဲက တခုကတော့….. 

 “ဖိုးလပြည့် တန်ခိုးကြောင့် မတိုင်လို”ပါတဲ့ ။ 

စဉ်းစားစရာက ဖိုးလပြည့်ဆိုသူက တန်ခိုး ရှိနေတာလား၊ ဒါမှ မဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တန်ခိုး ရှိနေတာလား ဆိုတာပါဘဲ။ 

သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက မကြာသေးခင်က ပြောခဲ့တာ သတိရနေပါတယ်။ 

 “မြန်မာနိုင်ငံတွင်းမှာ အခွင့်ထူးခံ လူတန်းစားဆိုတာကို လုံးဝမထားဘူး။ ဒီမိုကရေစီခေတ်မှာ အခွင့်ထူးခံ လူတန်းစား ဆိုတာ ရှိမှာ မဟုတ်ဘူး။ လူကြီးသားသမီးလည်း အပြစ်လုပ်ရင် အရေးယူမှာပဲ။ နိုင်ငံတော် အနေနဲ့ ဘယ်သူ့ရဲ့ မျက နှာကိုမှ ကြည့်နေမှာ မဟုတ်ဘဲ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမှာပဲ” လို့ သမ္မတရုံး ဦးစိုးသိန်းက ပြောထားပါတယ်။  

ဒါကြောင့် လွှတ်တော်ကြီးမှာ နာမည်ကြီးနေတဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားလေသံလေးနဲ့ ပြောရရင် ဖိုးလပြည့် ဆိုသူက ဥပဒေ အထက်က လူသားများလား လို့ မေးခွန်း ထုတ်မိပါတယ်။ 


လင်းသန့် ~

21 comments:

  1. Yes.He said only.....I'm now top of the law....

    ReplyDelete
  2. နေပြည်တော် ရဲချူပ်ရုံးရုံးမှာ အပြစ်ရှိပါတယ်။ အမှု ကိုသိသိကြီးနဲ့ အရေး မယူဘူးဆိုတာ ရဲချူပ်ကအစ အမှု့ ကို ထိန်ချန်ထားရာမြောက်ပါတယ်။ တိုင်ပြည်ထဲမှာ မည်သူမဆို တရားဥပဒေရဲ့ အကာအကွယ်ရှိရပါမည်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ စစ်ဘက်ဆိုင်ရာ လွှတ်တွေ အမတ်တွေ ဒီကိစ္စကို ရဲရဲကြီး တာဝန်ယူရဲပါသလား။ ဦးရွှေမန်း တစ်ယောက် ဘယ်လို ဆုံးဖြတ်မလဲ။ မသိဘာသာနေမလား။ ဦးရဲထွဌ် ရေငုံနုတ်ပိတ်နေမလား။

    ReplyDelete
  3. တရားစွဲ ပြီး ထောင်ချပစ်ရမယ်။ ရဲတွေ ငြိမ်ခံ မနေနဲ့

    ReplyDelete
  4. ဧရာဝတီဘလော့ကတော့ ငါ စာသားကို လုပ်ချလိုက်ပြန်ပြီး :D
    ဖိုးလပြည့် တန်ခိုးကြောင့် မတိုင်လို

    ReplyDelete
  5. ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကို..ဖေါ်ထုတ်အေ၇းယူဘို့..လွှတ်တော်ကိုတင်ပြတဲ့..လွှတ်တော်အမတ်ကြီး..ဘယ်ချောင်မှာ..အမြီးသွားကုတ်နေလဲ...အသံမထွက်တော့ပါလား။

    ReplyDelete
  6. ဒီလိုဖြစ်နေတာတောင် သန်းရွှေကို ထောက်ပံ့ကြေးပေးမည်ပြောနေသေးတယ်။

    ReplyDelete
  7. ဦးနေ၀င်း မြေးတွေလည်းတန်ခိုးထွားတာပဲ...ရှေးဘဝ
    ကုသိုလ်ကံလေးလည်း ကုန်ရော တန်ခိုးတွေပျောက်လို့
    ထောင်ထဲရောက်သွားပါလေရော... ဦးသန်းရွှေမြေးလေး
    လည်းအခုတော့တန်ခိုးတွေထွားနေတုန်းပေါ့...အတိတ်ဘဝ
    ကကုသိုလ်ကံလေးကုန်သွားရင် သူလည်းပဲ သွားမှာပါလေ...
    ရှေ့ကနောင်တော်တွေကိုကြည့်ပြီး သံဝေဂမယူတတ်ရင်ဖြင့်
    အင်း သတ္တ၀ါတစ်ခု ကံတစ်ခု လို့ပဲမှတ်ပါတယ်...

    ReplyDelete
  8. we are human begin so we better take care of each other .. we have to respect each others not using your power to beat others . i just want to say if i did the same thing like Phoelapyae did what you guys gonna do ? they will punished me what about him ? you guys gonna pretend to know nothing ? wake up the world is change . we need justice

    ReplyDelete
  9. အားပေးတယ်...ဖိုးလပြည့်ေ၇...ဆက်သာလုပ်...ဒါပေမဲ့ဘာမှ၇ာထူးအဆင့်မရှိတဲ့...ရဲသားလေးကိုတော့.မလုပ်သင့်ပါဘူး။ အကောင်ကြီးတွေ...ဟောက်စားလုပ်နေတဲ့ကောင်တွေကို...ပညာနဲနဲလောက်လောက်ပေးလိုက်ပါအုံး..မင်းကိုဘဲကြောက်တာ....ကျန်တဲ့လူဆို...လူမထင်ကြဘူး။

    ReplyDelete
  10. ဖိုးလပြည့်ကတော့စိန်ခေါ်ခေါင်းလောင်းထိုးလိုက်ပီ....ရဲနဲ့ တရားဥပဒေစိုးမိုးရေးအန်တီတို့ ဘာဆက်လုပ်မလဲ..

    ReplyDelete
  11. အာချောင်တတ်တဲ့စိုးသိန်းကိုလည်း အနားပေးဘို့ ကောင်းပါဘီ..အခွငိ့ထူးခံမရှိဘူးဆိုတဲ့လူကြီး ဖိုးလပြည့်ကြောက်ပီးဘယ်ဂျောင်ပုန်းနေလည်းစောင့်ကြည့်အုံးမယ်...

    ReplyDelete
  12. လွှတ်တော်နဲ့ ပြည်သူလူထု ၊၀န်ထမ်းအဖွဲ့ အစည်းအားလုံးက ထပ်ဆင့်အကယ်ဒမီပေးထားတဲ့ဦးရွှေမန်းကော ...ရေငုံနေမှာလား....ဒီတခါရမဲ့အကယ်ဒမီက အရမ်းတန်ဘိုးရှိတယ်နော်....

    ReplyDelete
  13. ဒီဆရာလေး လက်သံပြောင်တယ်။ ဒါပေမယ့် ဦးတည်ချက်တွေ အသိတွေကို ပြင်ပေးဖို့ တစ်ပတ်လောက် လမ်းဘေးမှာ အမှိုက်ကောက်ခိုင်း၊ လူမှုရေးအကျိုးပြုလုပ်ငန်းတွေလုပ်ခိုင်း သာမန်ပြည်သူတွေရဲ့ ဘ၀ကို ဘယ်လိုဆိုတာ လေ့လာခိုင်းဖို့လိုတယ်။ လွှတ်တော်ကိုလည်း တင်ခိုင်းမနေပါနဲ့ တစ်ချို့ဟာတွေက မရောင်ရာဆီလူးနေတာ။ သူ့ကိုမထိဘဲ တကယ့်ပြည်သူတွေဘဲ ခံစားနေရမှာ။

    ReplyDelete
  14. Pho La Pyae (a) Nay Shwe Thwe Aung, the president of republic of union of myanmar
    Who is Thein Sein? He is just military clerk as of March, 2013.

    ReplyDelete
  15. လပြည့်ပြီးရင် လကွယ်လာမှာပါ
    လဆန်းပြီးရင် လဆုတ်သွားမှာပါ
    လဆုတ်ပြီးရင်လကုန်ပါလိမ့်မယ်...။
    ဒါပါပဲ လောကဓံတရား..က..။

    ReplyDelete
  16. Inn! this is a unfair life!
    It is due to ?????????

    ReplyDelete
  17. တကယ်တမ်းပြောရရင်ပြည်သူ့ဝန်ထမ်းတစ်ဦးကို အနှောင့်အယှက်ပေးလိုက်တဲ့ ၀တ္တရားနှောက်ယှက်မှုပါ.. အဲဒါကျနော်သိသလောက်အသေးဆုံးပြစ်မှုပါ...သူတို့ခေတ်သူတို့အခါတုန်းကတော့ ချဲ့ရင်ချဲ့သလောက် နိုင်ငံတော်ပုန်ကုန်မှုအထိတောင်ဖြစ်သွားနိုင်တာပဲ... အရှင်းဆုံးပြောရရင် အဲဒီ ဖိုးလပြည့်ဆိုတဲ့အကောင် က မြန်မာပြည်အတွက် အမှိုက်တစ်ပင်တောင်ကောက်ပေးဖူးမှာမဟုတ်ဘူး၊ တံမြက်စည်းတစ်ချက်တောင် လှည်းပေးဖူးမယ့်ကောင်လှဲပေးဖူးမယ့်ကောင်မဟုတ်ဘူး... အဲလိုဆန်ကုန်မြေလေးက တိုင်းပြည်တာဝန် ကိုကျရာနေရာကထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်း..တိတိကျကျပြောရရင် အစိုးရ၀န်ထမ်းတစ်ယောက် ကိုစော်ကားလိုက်တာက ပြည်သူကိုစော်ကားလိုက်တာဖြစ်သလို အစိုးရကိုစော်ကားလိုက်တာပါပဲ...

    ReplyDelete
  18. လောကမှာ သူ့အကြောင်းနဲ့ သူ့အကျိုးပဲ။ ပြည်သူ့ရဲဆိုတာ ပြည်သူကိုစောင့်ရှောက်ဖို့ ပြည်သူကို အလုပ်အကြွေးပြုဖို့။ ဒါပေမယ့် ရဲဆိုတဲ့ လူအများစုက လူတစ်စုကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူကို ဖိနှိပ်ဖို့လောက်ပဲ သိကြတာ။ အခုလဲကြည့်လေ.. ဖိုးလပြည့်က လမ်းရှင်းမီးစိမ်းခိုင်းတာနဲ့ မြောက်မြားစွာသော လမ်းပေါ်မှာ ကားပိတ်ဒုက္ခရောက်သူတွေအားလုံးကို ကျော်လွန်မျက်ကွယ်ပြုပြီး ဖိုးလပြည့်တစ်ယောက်ထဲအတွက် မီးစိမ်းပေးလိုက်တယ်ဆိုကတည်းက အဓိပ္ပါယ်မရှိဘူး။ သူတို့ရဲ့ အခြေခံစိတ်ဓာတ်ကိုက လူတစ်စုအတွက်ပဲ အလုပ်လုပ်နေတယ်ဆိုတာ သိပ်ရှင်းတယ်။ အလုပ်နဲ့ သက်သေပြနေတယ်။ မိမိအလုပ်တာဝန်စစ်စစ်ကို မိမိမသိတဲ့ တာဝန်မဲ့တဲ့ ယာဉ်ထိန်းရဲ ပါးရိုက်ခံရတာ နည်းတောင်နည်းသေးတယ်။ သနားတော့သနားတယ် ဒါပေမယ့် ဒီလိုလူတွေ အသနား မခံထိုက်ဘူး။ ဖိုးလပြည့်က ၀န်ထမ်းကို အနှောက်အယှက်ပေးတယ်။ ၀န်ထမ်းက ပြည်သူကို အနှောက်အယှက်ပေးတယ်။ ဒီလိုဝန်ထမ်းကရော ဥပဒေနဲ့ ပြည်သူကို မျက်ကွယ်ပြုပြီး တစ်ဦးတစ်ယောက်အတွက် အလုပ်လုပ်ပေးသင့်သလား။ လောကမှာ သူ့အကြောင်းနဲ့ သူ့အကျိုးဖြစ်နေတာပါ။

    ReplyDelete
  19. ပြည်သူကိုဆော်ကားတာက ဖိုးလပြည့်တင်မဟုတ်ပါဘူး။ ကူညီပါရစေဆိုတဲ့ တာဝန်ကျရဲကလည်း ပြည်သူကို ဆော်ကားတာပါပဲ။ ဖိုးလပြည့်ကမှ တိုက်ရိုက်ဆော်ကားတာမဟုတ်ဘူး။ အဲဒီအရိုက်ခံရတဲ့ရဲက ပြည်သူကို တိုက်ရိုက်ဆော်ကားတာ။

    ReplyDelete
  20. ဒါမျိုးတွေမဖြစ်သင့်တော့ဘူးသူဘာကောင်ဖြစ်ဖြစ်တရညးဥပဒေအရတရားစွဲဆိုရမယ်

    ReplyDelete
  21. ဒီကောင်ဘာကောင်ဖြစ်ဖြစ်ဒါမျိုးမဖြစ်သင့်ဘူးဘာလဲတရားဥပဒစိုးမိုးရေပြောစမ်းပါအုံး

    ReplyDelete