Pages

Friday, March 8, 2013

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေ ပြဿနာဖြေရှင်းပုံ


ဂျော်ဒန်နိုင်ငံရောက် မြန်မာအလုပ်သမားအရေးမှာ မပြေမလည်ဖြစ်နေမှုတွေကို THE TRADE UNION OF WORKERS မှ မစ္စ-မဲဘက်နဲ့ မြန်မာအလုပ်သမားတွေ ကိုယ်တိုင်သာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေ ရကြောင်း သိရပါတယ်။ 

 မြန်မာအလုပ်သမားများကို ကူညီဖြေရှင်းပေးနေတဲ့ ဂျော်ဒန် အလုပ်သမားအဖွဲ့တခုက မစ္စမဲဘက်နဲ့ မြန်မာအလုပ်သမားများ၊ ဓာတ်ပုံ- ကျော်ဇင်ဦး 
 
"ကျွှန်တော်တို့တွေပဲ ပူးတွဲဖြေရှင်းလိုက်ရတာပါ။ မြန်မာပြည်က ဘယ်သူမှလဲ မလာသေးပါဘူး။ အခု မနေ ရဲကြလို့ ပြန်ကြမယ့်သူတွေ အတွက်လဲ ဖြေရှင်းနေရတဲ့ အပြင် ရိုက်နှက်ခံထားတဲ့ အမျိုးသမီး ၄ ယောက် အတွက်လဲ ဖြေရှင်းဖို့ ရှိနေပါသေးတယ်" လို့ မြန်မာအလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီ ကို ပြောပါတယ်။ 
 လစာကိစ္စလည်း အခုထိ အဖြေမရသေးသလို ဂျော်ဒန်က အလုပ်သမားအဖွဲ့အစည်းဖြစ်တဲ့ THE TRADE UNION OF WORKERS က မစ္စ မဲဘက်က မြန်မာအလုပ်သမားများ ရဲ့ လုံခြုံရေးနဲ့ ဆက်လက်ဆောင်ရွက် စရာတွေကိုလဲ ကူညီဆောင်ရွက်ပေးအုံး မယ်ဆိုပြီး ပြောဆိုသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါ မြန်မာအလုပ်သမားတွေကို တရားမ၀င် ပို့ဆောင်ခဲ့တဲ့ အေးဂျင့် ၃ ခုအနက် တခုမှ တာဝန်ရှိသူ ဖြစ် သူ ကိုစိုင်း က ဂျော်ဒန်သို့ လာရောက်ဖြေရှင်းပေးရာတွင်  လုပ်အားခ လစာ တိုးရေးကလွဲလို့ ကျန်တဲ့ အချက်တွေ ပြေလည်သွားပြီလို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် မြန်မာနိုင်ငံက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး တဦးနဲ့ ဒု ညွှန်ကြားရေးမှူး တဦးတို့ ကို မြန်မာအစိုးရက ဂျော်ဒန်ကို စေလွှတ်ပြီး လိပ်ခဲတည်းလဲဖြစ်နေ တဲ့ မြန်မာအလုပ်သမားများအရေးကို ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာအလုပ်သမားတွေကို ကူညီ ဖြေရှင်းပေးနေတဲ့ မစ္စ မဲဘက်နဲ့  ကိုကျော်ဆွေသန်း(၀ဲ)၊ ကိုကျော်ဇင်ဦး(ယာ)

အိမ့်သံစဉ် ~

ဆက်စပ်သတင်း

No comments:

Post a Comment