နေပြည်တော်၊ မတ် ၂၀ ၂၀-၃-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်
မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ ““နယူးဝိန့်စိန်”” ရွှေဆိုင်သို့ မိတ်္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုး ကျွတ်ဖာ လုပ်ငန်းလုပ်ကိုင်သည့် ဦးခင်မောင်ဝင်း (၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ ၃ ဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ်(၁၄၀၀၀၀ိ/-)ခန့်တန်ဘိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချရာ ဆိုင်ရှင် ဒေါ်တင်အေး၏သမက် ထွန်းထွန်းဦး(ခ) အာရှစ်(၂၃)နှစ်မှ ငွေကျပ် (၁၀၅၀၀၀ိ/-)သာပေးမည် ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့သည်။
ထို့နောက် ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဘိုးငွေကျပ် (၅၀၀၀၀ိ/-)သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများကာ ဆိုင်ရှင် မမြင့်မြင့်အေး က ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ)အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့်ထိုး/ သစ်သားတုတ်နှင့်ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဦးခေါင်းဝဲဘက် ချိုစောင်းပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ) မင်းအောင်နှင့် မြင့်မြင့်အေးတို့ ၃ ဦးအား မိတ်္ထီလာအမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/ ၄၂၇/၁၁၄ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့သည်။
၎င်းဖြစ်စဉ်အားကြားသိသော လူ(၂၀၀)ခန့်က ၁၄၁၅ အချိန်တွင် ထွန်းထွန်းဦး(ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအရှေ့ဘက်တိုက်(၃)လုံး၌ရှိသော ဆိုင်ခန်း(၆)ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်း ၀င်၍ ပစ္စည်းများရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိ ရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ ၁၄၃၀ အချိန်တွင် အဆောက်အဦဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါဆိုင်ခန်း(၆)ခန်း ပျက်စီးခဲ့ကြောင်း၊ ၁၅၁၀ အချိန်တွင် ၎င်းင်းလူအုပ်စုမှ အဆိုပါတိုက်(၃)လုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ်္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၁၇၁၅ အချိန်တွင် ဈေး အနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး ၁၇၂၀ အချိန်တွင် လူအင်အား (၁၀၀)ခန့် ဖြစ်လာခဲ့သည်။
၎င်းနောက် ဗလီအတွင်းရှိပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန်တွင် ဗလီထိပ်ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅)စီးခန့်အား ဖျက်ဆီးခဲ့သည်။
၁၇၃၅ အချိန်တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ၁၇၄၅ အချိန်တွင် အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀) ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦး တို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေး
ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရရှိသတင်းဆက်များအား ဆက်တင်ပြပေးသွားပါမည်။

Thats the different between euro and most countries from asia.Basically when sth went wrong..all they know is to fight.why cant discuss on the table and make legal decision? Just like india, just like Bangladesh, just like Pakistan, just like myanmar.act like a people from stone age.we need to be more civilize and know the meaning of democracy and disciplines
ReplyDeleteI agree with Saw Rommel. I don't think attack to each other is a good solution to peace and stability. As our country is now on the road to progress, we need to be aware of anything that will lead the downfall of our aim and hence we need to solve the problem or conflict wisely, I think.
ReplyDelete