Pages

Saturday, March 9, 2013

မြန်မာဘက်က Gas ရပ်ဆိုင်းလို့ ထိုင်းစီးပွားရေး လုပ်ငန်း တချို့ ထိခိုက်နိုင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ပေးနေတဲ့ သဘာဝ ဓာတ်ငွေ့တွေကို ခေတ္တ ရပ်ဆိုင်းမယ်ဆို တာကြောင့် ထိုင်း စီးပွား ရေး လုပ်ငန်းတချို့နဲ့ စက်ရုံအလုပ်ရုံတချို့ လျှပ်စစ်မီးပြတ်တောက်မှု ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သတင်းရပါတယ်။ 

 စွမ်းအင်ဝန်ကြီး ဦးသန်းဌေး မတ်လ ၅ ရက်နေ့က သွားရောက် စစ်ဆေးကြည့်ရှုသည့် ရတနာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ကမ်းလွန် လုပ်ကွက် (ဓာတ်ပုံ – မြန်မာ့ အလင်း)

မြန်မာ အစိုးရက တနင်္သာရီတိုင်း မုတ္တမ ကမ်းလွန် ပင်လယ်ပြင်က ရတနာ သဘာဝ ဓာတ်ငွေ့ လုပ်ကွက် မှာ  ပြင်ဆင်မှုတွေ လုပ်မှာဖြစ်လို့ လာမယ့် ဧပြီလ ၅ ရက်က စတင်ပြီး ၁၄ ရက်နေ့ အထိ ထိုင်းနိုင်ငံကို သဘာဝ ဓာတ်ငွေ့ပေးပို့မှုတွေ ခေတ္တရပ်ဆိုင်းဖို့ စီစဉ်ထားပါတယ်။ 

ထိုင်း တနိုင်ငံလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ရဲ့ ၄ ပုံ ၁ ပုံကို မြန်မာနိုင်ငံမှ ၀ယ်ယူတဲ့ သဘာဝဓာတ်ငွေ့နဲ့ အသုံးပြုနေယ်လို့လည်း သိရပါတယ်။ 

ထိုင်း လျှပ်စစ်ဌာန တာဝန်ရှိသူတွေ အနေနဲ့ ဒေသအတွင်း လျှပ်စစ်မီး ပေးနိုင်ရေးအတွက် အရန်မီးစက် ကြီးတွေနဲ့ ထုတ်လုပ်ဖို့ ကြိုင်ပြင်ဆင်ထားတယ်လို့လည်း အယုဒ္ဓယမြို့နယ်ရှိ အမှတ် ၁၁ လျှပ်စစ်ဌာနမှ အင်ဂျင်နီယာ Jirasak Jira Varyက ပြောကြားထားတာကို ထိုင်းဘာသာဖြင့် ရေးထားတဲ့ ဒေးလီး နယူးစ် အင်တာနက် စာမျက်နှာတွင် ကြာသပတေး နေ့ က ဖော်ပြထားပါတယ်။ 

“လျှပ်စစ် ထုတ်ဖို့ အရန် စက်တွေ ကြိုတင် ပြင်ဆင်ထားပါတယ်၊ ဒါပေမယ့် အရန်စက်ကြီးတွေကနေ ထုတ်တဲ့ လျှပ်စစ်မီးအား မလုံ လောက်ခဲ့ရင် သွင်းကုန် ထုတ်ကုန် ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေ ထိခိုက်နိုင်တယ်” လို့ သူက ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် သန်းထိုက်ဦး ရေး သားတင် ပြထားတဲ့ မြန်မာ့ သဘာဝဓာတ်ငွေ့ ရပ်ဆိုင်းမှု ထိုင်းစီးပွားရေး လုပ်ငန်းတချို့ ထိခိုက်နိုင် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

No comments:

Post a Comment