Pages

Tuesday, March 12, 2013

KFC တရားစွဲခံရတော့မည်လော



ရန်ကုန်မှာ KFC ဆိုင် ဖွင့်မယ် ဆိုခါမှ သတိပေးကြေညာချက်တခု အွန်လိုင်းမှာ ရောက်လာပါတယ်။


သတင်းစာ ကြော်ငြာစာမျက်နှာထဲက ဖြစ်ပါလိမ့်မယ်။ ရက်စွဲတော့ မပါပါ။

ကြက် နဲ့ အသားမျိုစုံကြော်တဲ့ လုပ်ငန်းတခုက Kentucky Fried Chicken ဆိုပြီး နာမည်ပေးထားပါတယ်။ တံဆိပ်မှာလည်း KFC ဘိုးဘိုးကြီးပုံ တပ်ထားတာ တွေ့ရမှာပါ။

ရန်ကုန်၊ မင်္ဂလာတောင်ညွန့် စိန်ဗလရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ရဲ့ ကုန်အမှတ်တံဆိပ်လို့ ဆိုပါတယ်။
ဒီတံဆိပ်ကို ရေစစ္စရီ လုပ်ပြီးပြီလို့ ဆိုတယ်း)
ရေစစ္စရီ နံပါတ်အရ ဆိုရင်တော့ ၂၀၀၇ ခုနှစ်က ခွင့်ပြုထားတာလို့ ယူဆရမှာပါ။

ဒီတံဆိပ် ဒီနာမည်တွေကို ပုံမှားရိုက်ရင် အမြန်ဆုံး ပြန်ရုပ်သိမ်းဖို့ သတိပေး ကြေညာတယ်၊
 ဆက်လုပ်မယ် ဆိုရင် "နစ်နာမှုများအတွက် တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်"
လို့ ကြေညာချက်မှာ သတိပေးထားပါတယ်။

ရန်ကုန်မှာ KFC ကြက်ကြော်ဆိုင် ဖွင့်မယ် ဆိုတဲ့အကြောင်း ဒီဘလော့ http://blog.irrawaddy.org/2013/03/kfc.html  မှာ ရေးခဲ့ပြီးပါပြီ။

ဆိုခဲ့သလိုပဲ ရန်ကုန်မှာ KFC ဆိုင် ဖွင့်မယ် ဆိုခါမှ သတိပေးကြေညာချက်တခု အွန်လိုင်းမှာ ရောက်လာပါတယ်။

စိန်ဗလကြက်ကြော် နဲ့ KFC ကြက်ကြော်က လိုဂို၊ နာမည်တွေတော့ တူနေပါပြီ။ အရသာ ဘယ်လို တူမလဲတော့ မသိပါ။

စိန်ဗလ နဲ့ အမေရိကန်  KFC က စီးပွားဘက်များလား။

စီးပွားဘက် မဟုတ်ဘူး ဆိုရင်တော့ ရန်ကုန်မှာ KFC ဆိုင် လာဖွင့်တဲ့အခါ စိန်ဗလရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ရဲ့ ကန့်ကွက်တာမျိုး၊ တရားစွဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တာ သဘာဝပဲ မဟုတ်လား)


.

8 comments:

  1. စိန်ဗလနဲ့ ကန်တက်ကီနဲ့မတူရင်တော့စိန်ဗလတရားစွဲခံရပြီးလျော်ရမှာပါ။
    ဘာဖြစ်လို့လဲဆိုတော့ကန်တက်ကီကတစ်ကမ္ဘာလုံးမှာဒီကုန်အမှတ်တံဆိပ်ကို
    မှတ်ပုံတင်ထားပြီးပါပြီ။

    ReplyDelete
  2. သူခိုးကလူကိုဟစ်တယ်ဆိုတာဒါမျိုးပေါ့...ရှေ့နေမကြီးခမျာလဲ...ပိုက်ဆံရ၇င်..သူခိုးခိုင်းသမျှလုပ်တာကိုး။ YANGON FRIED CHICKEN ဆိုလဲ..တော်ပါသေးတယ်။နှိုင်ငံတိုင်းမှာရှိနေတဲ့ KFC တွေကို..လိုက်ပြီးတားစွဲမှာလား။

    ReplyDelete
  3. စိန်ဗလက KFC ကိုကိုယ်စားလှယ်ယူပီးရောင်းမှာပါ။ မလေးရှား KFC ကနေ ပစ္စည်းတွေပို့ပေးမှာပါ။

    ReplyDelete
  4. အမေရိကန် KFC နဲ့သာ တရားဝင်လုပ်တယ်ဆို ကောင်းပါတယ်..
    မဟုတ်ဘဲ၊ နိုင်ငံတကာမှာနာမည်ကြီးထုတ်ကုန်ကို မြန်မာမှာဆင်တူရိုးမှားပုံတူကူးပြီး.. ဟိုကလာမှ တရားစွဲ ပိုက်ဆံအချောင်လိုချင်လို့ ကြိုလုပ်ထားတာဆိုရင်တော့.. မြန်မာတွေအတွက်ရှက်စရာပါ..
    လုပ်တဲ့သူတွေဟာလည်း အချောင်သမားအရုက်မဲ့သူတွေပါ.. သူတို့သာဒီလိုလုပ်ရင်.. လုံးဝမစားကြ အားမပေးကြဘဲ.. ကိုယ့်လူမျိုးကို အရှက်မဲ့အောင်လုပ်သူအဖြစ် လက်ညိုးထိုးကဲ့ရဲ့ကြပါ..

    ReplyDelete

  5. this is the photo of Colonel. Sander, the founder of K F C.
    This photo/ logo is everywhere in the world for many years .. by K F C.

    if this thief had stolen this logo , he is the one going to be in jail and he will get prisoned or fined.

    TA Khoe Ka Lu Hit Hit Tae soh Dar. . dar Myo Bae.

    Just wait until he will get bankrupt and got jailed.

    ReplyDelete
  6. ဘန်ကောက်လောက်ရောက်ဖူးရင်ဘဲ KFC ကြက်ကြော် ဆိုင်တွေအများကြီး၊မြန်မာတွေစားဖူးကြမှာပါ၊သူခိုးကလူ ပြန်ဟစ်နေတဲ့လုပ်ရပ်ပါ၊စိန်ဗလကရှက်စိတ်ရှိရဲ့လား?

    ReplyDelete
  7. Both KFC do not belong to real KFC...

    ReplyDelete
  8. တကယ်တော့ သူတို့ ပြဿနာတက်ချင်မှ တက်ကြမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံခြား ကုမ္ပဏီတွေဟာ သူတို့ကိုယ်တိုင် မှတ်ပုံတင်မယ်ဆိုရင် သတင်းစာကြေးကအစ မြေငှားတာ အဆုံး၊ အခွန်အခတွေ အားလုံး production အခွန်တွေကအဆ မတန်တဆ ထမ်းရပါတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပါပဲ။ ကွာဟချက်က အဲဒီကြော်ငြာက ၁သိန်းတန်ရင် နိုင်ငံခြားသားအတွက် ဒေါ်လာ ၁၀၀၀ အထက် မှာပဲရှိပါတယ်။ အဲဒီအပြင် resource တွေကို နိုင်ငံခြားက တင်သွင်းရင် အဲဒီအခွန်တွေလည်း ထပ်ပေးရဖို့ရှိပါတယ်။ အဲဒါကြောင့် များသော အားဖြင့် ကုမ္ပဏီတွေက မြန်မာဖက်စပ်ကုမ္ပဏီကို မှတ်ပုံတင်ခိုင်းလိုက်ပြီး သူတို့ပဲ မူပိုင်ပုံစံ ဖမ်းတတ်ပါတယ်။ ပြီးမှ အကျိုးတူဆိုပြီး ပြန်ပေါင်း လုပ်ကြပါတယ်။ အဲဒါကြောင့် Nissan ကုမ္ပဏီကြီး မြန်မာပြည်မှာ လာဖွင့်မယ်ဆိုတာကလည်း မြန်မာပြည်မှာဆင်တယ်ဆိုပြီး Grade တစ်ဆင့်နိမ့်ကားတွေကို စက်ပစ္စည်းတွေတင်သွင်းပြီး မြန်မာပြည်မှာတင် ဆင်ပြီးရောင်းဖို့များပါတယ်။ အရင် SUZUKI တို့လိုပေါ့။

    ReplyDelete