Pages

Saturday, March 2, 2013

NLD ညီလာခံ သတင်းယူနိုင်ရေး မီဒီယာသမားတွေအတွက် စီစဉ်ပေးနေပြီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ညီလာခံ ကျင်းပမယ့် အခမ်းအနားမှာ သတင်းသမားတွေ တက်ရောက် သတင်းယူနိုင်ဖို့အတွက် ဖိတ်စာနဲ့ ၀င်ခွင့် ကတ်ပြားတွေ ယနေ့ မှ စတင်ထုတ်ပေးနေပြီလို့ ညီလာခံဆိုင်ရာ အသစ် လွှင့်တင်လိုက်တဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 


၂၀၁၃ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ကျင်းပမည့် ညီလာခံဖွင့်ပွဲ့ အခမ်းအနားသို့ တက်ရောက် သတင်း ယူနိုင်ရန်အတွက် ယနေမှ စတင်ပြီး ဖိတ်စာများကို နံက် (၁၀)နာရီမှ ညနေ (၃) နာရီအထိ ရွှေဂုံတိုင်လမ်းမ ၊ တော်ဝင်နှင်းဆီ ၊ ပြန်ကြားရေး ဆပ်ကော်မတီတွင် ထုတ်ပေးနေပြီဖြစ်သည် ။ 

မီဒီယာများအနေဖြင့် သတင်းတက်ရောက်ရယူမည့် ပုဂ္ဂိုလ်များ၏ အမည်နှင့် သတင်းဌာနအမည် များကို စာရင်းပေးသွင်းခဲ့ရမည်ဖြစ်ပြီး လူစားထိုး လှဲလှယ်တက်ရောက်ခြင်းအား လုံခြုံရေး လိုအပ်ချက်အရ ခွင့် မပြုကြောင်းကိုလည်း တစ်ပါးတည်း သတင်းထုတ်ပြန်ထားရှိပါသည် ။ 

သတင်းတက်ရောက်ရယူမည့် ပုဂ္ဂိုလ်များသည် ကျင်းပမည့်နေ့ နံက် (၈) နာရီမှ စတင်ပြီး ၀င်ခွင့် ကတ်ပြား များကို ထုတ်ယူနိုင်မည်ဖြစ်ပြီး ထိုသို့ဝင်ခွင့်ကတ်ပြားများ ထုတ်ယူရာတွင် ဖိတ်စာကို ပြသလှဲလှယ်ပြီးမှ သာလျှင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီမှ သတင်းထုတ်ပြန် ထားရှိပါသည် ။

No comments:

Post a Comment