Pages

Thursday, May 16, 2013

ဘားမားခရိုနီကယ်




    ရုပ်ပြကာတွန်းဆိုရင် ကလေးတွေဖတ်ကြတာလို့ပဲ ထင်ကြပါလိမ့်မယ်။
ရုပ်ပြ ဇာတ်လမ်းတွေဆို အပျော်ဖတ်၊ အပျင်းပြေဖတ်တဲ့စာလို့သာ ထင်ကြမလားပဲ….။
အဲဒီလိုထင်တဲ့သူတွေကို ကာတွန်းစာအုပ်တစ်အုပ် ဖတ်ဖို့ညွှန်းချင်ပါတယ်။

 “ဘားမားခရိုနီကယ်” တဲ့ …

ကမ္ဘာကျော်ကာတွန်းဆရာ Guy Delisle ရေးဆွဲ ထားတဲ့ ကာတွန်းစာအုပ်ကို မြေမှုန်လွင်က ဘာသာပြန်ထားပါတယ်။

 မြန်မာပြည်ရဲ့လူနေမှု စရိုက်တွေ၊  အုပ်ချုပ်ပုံတွေ ၊ စိတ်နေသဘောထားတွေကို အခြားတစ်ဖက်က အမြင်တစ်ခုကိုလည်း ဒီစာအုပ်မှာ တွေ့ရှိနိုင်ပါလိမ့်မယ်။

မြန်မာစစ်အာဏာရှင်လက်အောက် မြန်မာပြည်မှာ တစ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ဖူးတဲ့ Guy Delisle  က သူ့အတွေ့အကြုံတွေကို ဒီစာအုပ်ထဲမှာ အပီအပြင် ဖန်တီးရေးဆွဲထားတာကို တွေ့ရမှာပါ။

    အခုစာအုပ်ကိုဘာသာပြန်တဲ့ စာရေးဆရာ မြေမှုန်လွင်က ...
“အခုအချိန်မှာ အပြောင်းအလဲတွေနဲ့ အတူ ဂျာနယ်သတင်းစာတွေမှာ နိုင်ငံရေးကာတွန်းတွေကို တွေ့လာရပါပြီ။
ဒါ့အပြင် ဖျောက်ဖျက်လို့မရတဲ့ သမိုင်းဝင်ရက်စွဲတွေကို တို့ထိထားတဲ့ ကာတွန်းတွေကိုလည်း ထွက်ပေါ်လာစေချင်တဲ့အတွက် ဒီစာအုပ်က အနည်းနဲ့အများ
အထောက် အကူပြုစေမလား ဆိုတဲ့စိတ်နဲ့ ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီစာအုပ်ကို     ငါတို့စာပေက ထုတ်ဝေပြီး ရောင်းဈေး ကျပ် ၃,၅ဝဝ သတ်မှတ်ထားပါတယ်။








.

No comments:

Post a Comment