Pages

Thursday, May 23, 2013

သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုက ပြန်ရောက်ပြီ

အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို သွားရောက်ခဲံ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ယမန်နေ့ ညက မြန်မာ
နိုင်ငံကို ပြန်ရောက်လာခဲ့ပါပြီ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ည ၁၀ နာရီခွဲလောက်က ပြန် လည် ရောက်ရှိလာချိန်မှာ အစိုးရ တာဝန်ရှိသူတွေရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေအပါအ၀င် တခြား ကြိုဆိုသူတွေလည်း တွေ့ရပါတယ်။ 

 နိုင်ငံတော် သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ်မှမေလ ၂၂ ရက်နေ့ ည ၁၀နာရီ ခွဲတွင် ပြန်ရောက်လာ စဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 


ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်အိုဘားမားနဲ့လည်း အိမ်ဖြူတော်မှာ 
တွေ့ဆုံခဲ့သလို ကွန်ဂရက်လွှတ်တော်က ၂ ပါတီ ခေါင်းဆောင်တွေ၊ အမေရိကန် ကုန်သည်ကြီးတွေ၊ တခြား အမေရိကန်က ထိပ်တန်းပုဂ္ဂိုလ်တွေ စတာတွေနဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီ ရှင်းလင်းပြောကြားမှုတွေ လုပ်ဆောင်ခဲ့သလို မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်ဘက်က အကူအညီတွေပေးဖို့လည်း ပြောဆိုခဲ့ပါတယ်။ 



ဒီအပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအောင်မြင်အောင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကျန်ရှိနေ
သေးတာတွေကို ဥပဒေကြောင်းအရပါ လုံးဝ အဆုံးသတ်ပေးသွားရေးတွေလည်း ပြောဆိုခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်းမှာ အမေရိကားရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့သလို မြန်မာ့ အရေး လှုပ်ရှားသူ တချို့ကလည်း လက်ရှိ ပြုပြင်ပြောင်းလဲရေးကို အပြည့်အ၀ မယုံကြည်သူတွေကလည်း ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံခဲ့ရပါတယ်။ 

သမ္မတ အိုဘားမားကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ အများကြီး ရှိလာတာကို အသိအမှတ်ပြု တယ်လို့ ပြောခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့  မြန်မာ့ အပြောင်းအလဲအခြေအနေဟာ အိုဘားမားပြောသလောက်တော့ မရှိသေးဘူးလို့  ယမန်နေ့က သတင်းထောက်တွေကို နေပြည်တော် မှာ ပြောခဲ့ပါတယ်။



အိမ့်သံစဉ် ~


No comments:

Post a Comment