Pages

Friday, May 31, 2013

ဦးသိန်းစိန်၊ အိုဘားမားတို့နဲ့ နာမည်ရလာတဲ့ အာကာကျော်


  အုတ်နံရံမှာ ပန်းချီကားတွေ ဖန်တီးရေးဆွဲတဲ့ အာကာကျော်ရဲ့ Facebook ပရိသတ်အတွက်မျက်နှာက www.facebook.com/ArkerKyaw  ဖြစ်ပါတယ်။
သူ့စာမျက်နှာမှာ သူ့လက်ရာ မှတ်တမ်းပုံတွေ အများအပြားကို ကြည့်ရှုနိုင်မှာပါ။
ဒီမှတ်တမ်းပုံတွေကို အွန်လိုင်းမှာ တင်တဲ့အတွက် သူ့လက်ရာတွေကို လေ့လာလိုသူ ကြည့်ရှုလိုသူများအတွက်  အဆင်ပြေပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အုတ်နံရံမှာ ပန်းချီကားတွေက ပြင်ပမှာ ရေရှည် မတည်တံ့လို့ပါပဲ။

အာကာကျော်ရဲ့ ပန်းချီကားများ နဲ့ သူ့ဘ၀အကြောင်းကိုတော့ အောက်ပါ လင့်တွေမှာ အသေးစိတ် တွေ့ရမှာပါ။

ဦးသိန်းစိန် နဲ့ အိုဘားမား ဘယ်သူပိုကြည့်ကောင်းသလဲ http://blog.irrawaddy.org/2013/05/blog-post_328.html

 ဦးသိန်းစိန်ပုံဆွဲဖို့ မင်ကြောင်ထိုးပြီး ငွေရှာခဲ့သူ ကိုအာကာကျော်နဲ့ အင်တာဗျူး http://blog.irrawaddy.org/2013/05/blog-post_8337.html

အာကာကျော်ရဲ့ Facebook မှာ တွေ့ရတဲ့ လက်ရာများထဲက တခု
အသက် ၂ဝ ဝန်းကျင်အရွယ် လူငယ်လေး အာကာကျော်ရဲ့ လက်ရာတွေကို နှစ်သက်သူ အားပေးသူ အများအပြား ရှိနေပါတယ်။

အိုဘားမားရဲ့ ရန်ကုန်ခရီးစဉ်ကာလမှာ ဖန်တီးခဲ့တဲ့ ရန်ကုန်မြို့တနေရာက အိုဘားမားပုံလမ်းဘေးပန်းချီကားကို ဖန်တီးခဲ့ချိန်ကစပြီး အာကာကျော်ကို တဖြည်းဖြည်း သတိထားမိလာကြတာ ဖြစ်ပါတယ်။

အာကာကျော် ဘယ်နေရာမှာ ဘာပုံထပ်ဆွဲဖို့ အစီအစဉ်ရှိသလဲ မသိရသေးပါ။
သူကလည်း ဒီအကြောင်း ကြိုတင် ပြောထားတာ မရှိပေမယ့် အံ့သြသွားအောင် လုပ်ပြချင်တယ်လို့ ဆိုထားပါတယ်။
 



.

No comments:

Post a Comment